မီဇိုရမ်ရောက် စစ်ဘေးရှောင်များအား Refugee ID ကဒ် ထုတ်ပေးမည်ဟုဆို

မီဇိုရမ်ရောက် စစ်ဘေးရှောင်များအား Refugee ID ကဒ် ထုတ်ပေးမည်ဟုဆို

မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်များအား မီဇိုရမ်ပြည်နယ်အတွင်း ပိုမိုလုံခြုံမှုရှိစေရေးအတွက် မီဇိုရမ်အစိုးရက Refugee ID ကဒ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စကို မီဇိုရမ်အစိုးရမှ စစ်ဘေးရှောင်များအတွက် ဖွဲ့စည်းလိုက်သော DC, Home department နှင့် DM&R စုပေါင်းဖွဲ့စည်းထားသည့် Task Group အဖွဲ့က ဇန်နဝါရီ ၁၉ ရက်နေ့က အိုက်ဇောလ်မြို့ရှိ စစ်ဘေးရှောင်စခန်းများကို သွားရောက်ကြည့်ရှုခဲ့ရာတွင် အဖွဲ့၏ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မီဇိုရမ်ရောက် စစ်ဘေးရှောင်များ မီဇိုရမ်ပြည်နယ်အတွင်း ပိုမိုလုံခြုံမှုရှိစေရေးအတွက် ID ထုတ်ပေးမယ်။ စစ်ဘေးရှောင် စခန်းတွင်နေထိုင်သူများအတွက်သာမဟုတ်ဘဲ အပြင်မှာ နေထိုင်နေတဲ့ စစ်ဘေးရှောင်အားလုံးအတွက် လုပ်ပေးဖို့ အစီအစဉ်ရှိကြောင်းနှင့် မကြာခင် အကောင်ထည်ဖော်ဆောင်ရွက်သွားမယ်။” လို့ ပြောသည်။

အဆိုပါအဖွဲ့အစည်းက ဇန်နဝါရီ ၁၉ ရက်နေ့ မနက်ပိုင်း ၁၁ နာရီက Sihphir ရပ်ကွက်တွင်ရှိသော CDM စစ်ဘေးရှောင်စခန်းကို သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည့်အကူအညီများလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားဖို့ ပြောသွားခဲ့သည်။

ဆက်လက်ပြီး နေ့လည် ၂ နာရီတွင် လွတ်တော်အမတ်များရှိရာစခန်းကို ဆက်လက်သွားရောက်ကြည့်ရှုခဲ့ပြီး လွတ်တော်အမတ်များက လိုအပ်တဲ့အကူအညီများ တင်ပြဆွေးနွေးခဲ့ရာ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အတူတကွ လက်တွဲလုပ်ဆောင်သွားကြဖို့ ပြောဆိုခဲ့သည်။

အဆိုပါအဖွဲ့အစည်းက ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း Sihhmui နှင့် Sairang ရပ်ကွက်ရှိ စစ်ဘေးရှောင်စခန်းများကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရပြီး၊ နယ်စပ်ဒေသများရှိ စစ်ဘေးရှောင်စခန်းများကိုလည်း ကိုဗစ်ရောဂါအခြေအနေ ကောင်းမွန်တဲ့အခါ သွားရောက်ကြည့်ရှုဖို့ အစီအစဉ်ရှိကြောင်း သိရသည်။

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...