မိုင်းကိုင်မြို့နယ် ကျေးရွာအတွင်း လက်နက်ကိုင်များ ရှိနေဆဲ၊ စစ်ရှောင်များနေရပ်ပြန်ရန်ခက်ခဲ

မိုင်းကိုင်မြို့နယ် ကျေးရွာအတွင်း လက်နက်ကိုင်များ ရှိနေဆဲ၊ စစ်ရှောင်များနေရပ်ပြန်ရန်ခက်ခဲ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တပေါင်းပွဲပြုလုပ်သည့် မွေတော်ကွင်းပြင်ရောက် စစ်ရှောင်များ နေထိုင်သည့် ကျေးရွာအတွင်း တိုင်းရင်းသားလက်နက်ကိုင်ရှိနေသေးသဖြင့် နေရပ်သို့ မပြန်ရဲသေးကြောင်း စုံစမ်းသိရသည်။

ထို စစ်ရှောင်များသည် ဇန်နဝါရီ (၆)ရက်ဝန်းကျင် ကတည်းက ရောက်ရှိလာသူများဖြစ်ကြပြီး စစ်ရှောင်တချို့ နေရပ်သို့ ပြန်သွားကြသော်လည်း တချို့ စစ်ရှောင်များသည် ကျေးရွာအတွင်း လက်နက်ကိုင်တပ်များ ရှိနေသေးသဖြင့် နေရပ်သို့ မပြန်ရဲသေးကြောင်း စစ်ရှောင်များက ပြောဆိုကြသည်။

“ကျမတို့ တစ်ရက်လောက် အလုပ်မလုပ်ရရင် တစ်လစာ မစားရတော့ဘူး။ တစ်လမလုပ်ရရင် တစ်နှစ်လောက် မစားရတော့ဘူး။ လက်ဖက်တွေလည်း ပြန်ခူးရတယ်။ အလုပ်တွေ ပြန်လုပ်ရမယ်” လို့ ဟွေတွေ ကျေးရွာနေ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ မိုင်းကိုင်မြို့တွင် စစ်ရှောင် (၁၀၀၀)နီးပါး ကျန်ရှိပြီး တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်သည့်အတွက် ကြိုတင်တိမ်းရှောင်ထားသည့် စစ်ရှောင်များရှိသလို တိုက်ပွဲငြိမ်သွားသည့်ကျေးရွာတွင် လက်နက်ကိုင်တပ်ဖွဲ့များ ရှိနေသေးသဖြင့် နေရပ်သို့ မပြန်ရဲသေးသည့် စစ်ရှောင်များလည်း ရှိနေကြောင်း သိရှိရသည်။

“မြို့အနီး ပတ်ဝန်းကျင်တော့ ငြိမ်နေတယ်။ စစ်ရှောင်တွေ ပြန်သွားတဲ့သူတွေလည်း ရှိတယ်။ မပြန်တဲ့သူတွေလည်း ရှိတယ်။ တချို့လည်း လူကြီးတွေကို မြို့ထဲက အမျိုးအိမ်တွေမှာ လာထားကြတာလဲရှိတယ်” လို့ မိုင်းကိုင် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်တို့သည် စပါးရိတ်သိမ်းကာလ ပြောင်းရိတ်သိမ်းကာလတွင် တိုက်ပွဲဖြစ်ပွားသောကြောင့် တောင်သူများ နောက်နှစ် စားသောက်ရန်အတွက်ပင် အခက်ခဲဖြစ်နေကြောင်း စစ်ရှောင်များက ပြောဆိုခဲ့ဖူးသည်။

မိုင်းကိုင်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲကြောင့် စစ်ရှောင်ထောင်ချီ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ နှစ်ဘက်စစ်ရေး တင်းမာမှုများလည်း ရှိနေသေးကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...