မလေးရှားနိုင်ငံတွင် တရားမဝင်မြန်မာလုပ်သား ၁၀၂ ဦးဖမ်းမိဟုဆို

မလေးရှားနိုင်ငံတွင် တရားမဝင်မြန်မာလုပ်သား ၁၀၂ ဦးဖမ်းမိဟုဆို
by -
မဇ္ဈိမ
မလေးရှားနိုင်ငံတွင် ဇူလိုင်လ ၁ရက်နှင့် ၂ရက်တွင် တရားမဝင်လုပ်သား ၁၀၃၅ ဖမ်းဆီးရမိမှုတွင် မြန်မာလုပ်သား ၁၀၂ ဦးပါဝင်နေသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

ဇူလိုင်လ ၅ ရက်က နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် ကျင်းပပြုလုပ်သော ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

ယခုအခါတွင် အဆိုပါ အဖမ်းခံရသောလုပ်သားများကို ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိများနှင့် သံရုံးအဖွဲ့ဝင်များမှ အနီးကပ်စောင့်ကြည့်နေကြောင်းကို “ကျွန်တော်တို့ နိုင်ငံသား အလုပ်သမားများအတွက် အကောင်းဆုံးအခြေအနေဖြစ်အောင် တဖက်နိုင်ငံမှာရှိတဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ ညှိနှိုင်း ဆောင်ရွက်နေသလို ကျွန်တော်တို့ဝန်ကြီးဌာန အနေနဲ့လည်းပဲ လိုအပ်တဲ့ ကူညီဆောင်ရွက်မှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ကျွန်တော်တို့နဲ့ မလေးရှားနိုင်ငံဟာ ပုံမှန်ဆက်ဆံ လျက်ရှိပြီးတော့မှ အလုပ်သမားကိစ္စမှာလည်းပဲ ဆက်လက်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်သွားမှာ” ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။

မလေးရှားနိုင်ငံတွင် ဖေဖော်ဝါရီလ ၁၅ရက်နေ့မှ ဇွန်လ ၃၀ရက်နေ့ထိ E ကတ်များကို ထုတ်ပေးခဲ့ရာတွင် မြန်မာလုပ်သား၄၈၂၀လောက်ရရှိခဲ့ပြီး တချို့အဖွဲ့များသည်လည်း အဆိုပါကတ်ကို မလုပ်ကြတာ ရှိသည်ဟုလည်း ဝန်ကြီးကဆိုသည်။

၂၀၁၆ခုနှစ် ဒီဇင်ဘာလမှ စပြီး မလေးရှားနိုင်ငံတွင် မြန်မာ အလုပ်သမားရေးရာ ပြသနာဖြစ်ပွားမှု၅၆မှုဖြစ်ပွားခဲ့ကာ ၅၅မှုကို တရားဥပဒေနဲ့ အညီဖြေရှင်းနိုင်ခဲ့ပြီး လက်ကျန်တစ်မှုမှာ လုပ်ငန်းခွင်တွင်း ထိခိုက်မှုကြောင့် မသန်မစွမ်းဖြစ်ပွားခဲ့ကာ ပြန်လည်ထူထောင်ရေးကဏ္ဍအတွက် လျော်ကြေးတောင်းခံရာမှာ မလေးရှားနိုင်ငံ၏ ဥပဒေ လုပ်ထုံးလုပ်နည်းအရ လုပ်ငန်းခွင် လျော်ကြေးကိစ္စသည် ခြောက်လမှ နှစ်နှစ်ထိ ကြာတတ်သည်ဟု မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

မလေးရှားနိုင်ငံရှိ မြန်မာလုပ်သားများ၏ လုံခြုံရေးနှင့် လုပ်ငန်းခွင် သာယာရေးအတွက်ကိုလည်း မလေးရှားအာဏာပိုင်များနှင့် သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ညှိုနှိုင်းဆောင်ရွက်နေပြီး အသတ်ခံရသည့် မြန်မာနိုင်ငံသားတွေကိုလည်း ဥပဒေဘောင်အတွင်းမှ တရားပဒေနဲ့ အညီဆောင်ရွက်နေသည်ဟုလည်း မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သေးသည်။

မလေးရှားနိုင်ငံတွင် စုစုပေါင်းရောက်ရှိနေသောလူဦးရေသာ် ခန့်မှန်းချေ ငါးသိန်းခန့်ရှိပြီး တရားဝင် စေလွှတ်ထာသော လူဦးရေသည် ၁၉၇၈၃၅ယောက်ရှိသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...