ဒေါက်တာအေးဇံကို မလျော်ဩဇာသုံးမှု အမှု ၂ မှု ရုံးထုတ် စစ်ဆေး

ဒေါက်တာအေးဇံကို မလျော်ဩဇာသုံးမှု အမှု ၂ မှု ရုံးထုတ် စစ်ဆေး

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ထပ်တိုးစွဲဆိုထားသော ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှု အမှု ၂ မှု အတွက် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် ပြုလုပ်သော အထူးတရားရုံး၌ ဇန်နဝါရီ ၁၉ ရက်က ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ယခုရုံးချိန်းတွင် တရားလိုပြ သက်သေအဖြစ် မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က လာရောက်ထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ ရုံးချိန်းတွင် ရွေးကောက်ပွဲမလျော်ဩဇာသုံးသည်ဟု စွပ်စွဲကာ စွဲဆိုထားသော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၁ (စ) အမှု ၂ မှု အတွက် တရားလိုပြသက်သေကို စစ်ဆေးခဲ့ကြောင်း ဆိုသည်။

ဒေါက်တာအေးဇံသည် ရွေးကောက်ပွဲမလျော်ဩဇာ သုံးစွဲမှု အမှု ၃ မှု အပြင် အဂတိလိုက်စားမှု အမှု ၉ မှု အပါအဝင် အမှုပေါင်း ၁၂ မှုဖြင့် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

ယင်းအပြင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း နိုင်ငံဝန်ထမ်းများကို ဆန္ဒထုတ်ဖော်ရာတွင် ပူးပေါင်းပါဝင်ရန် လှုံဆော်တိုက်တွန်းသည်ဆိုသည့် စွဲချက်ဖြင့် ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် ဒေါက်တာအေးဇံကို အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီးဖြစ်သည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...