ဒေါက်တာအေးဇံကို မလျော်ဩဇာသုံးမှု အမှု ၂ မှု ရုံးထုတ် စစ်ဆေး

ဒေါက်တာအေးဇံကို မလျော်ဩဇာသုံးမှု အမှု ၂ မှု ရုံးထုတ် စစ်ဆေး

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ထပ်တိုးစွဲဆိုထားသော ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှု အမှု ၂ မှု အတွက် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် ပြုလုပ်သော အထူးတရားရုံး၌ ဇန်နဝါရီ ၁၉ ရက်က ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ယခုရုံးချိန်းတွင် တရားလိုပြ သက်သေအဖြစ် မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က လာရောက်ထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ ရုံးချိန်းတွင် ရွေးကောက်ပွဲမလျော်ဩဇာသုံးသည်ဟု စွပ်စွဲကာ စွဲဆိုထားသော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၁ (စ) အမှု ၂ မှု အတွက် တရားလိုပြသက်သေကို စစ်ဆေးခဲ့ကြောင်း ဆိုသည်။

ဒေါက်တာအေးဇံသည် ရွေးကောက်ပွဲမလျော်ဩဇာ သုံးစွဲမှု အမှု ၃ မှု အပြင် အဂတိလိုက်စားမှု အမှု ၉ မှု အပါအဝင် အမှုပေါင်း ၁၂ မှုဖြင့် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

ယင်းအပြင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း နိုင်ငံဝန်ထမ်းများကို ဆန္ဒထုတ်ဖော်ရာတွင် ပူးပေါင်းပါဝင်ရန် လှုံဆော်တိုက်တွန်းသည်ဆိုသည့် စွဲချက်ဖြင့် ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် ဒေါက်တာအေးဇံကို အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီးဖြစ်သည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...