ချင်းပြည်နယ်က လွတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ကလေးမြို့လွတ်တော်ကိုယ်စားလှယ် ၂ ဦး နေအိမ်ချိတ်ပိတ်ခံရ

ချင်းပြည်နယ်က လွတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ကလေးမြို့လွတ်တော်ကိုယ်စားလှယ် ၂ ဦး နေအိမ်ချိတ်ပိတ်ခံရ

ချင်းပြည်နယ် ဖလမ်းမြို့က အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် စစ်ကိ်ုင်း တိုင်း ကလေးမြို့က လွှတ်တော်ကိုယ်စားလှယ် ၂ ဦးရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ချိတ်ပိတ်လိုက်တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်မှာရှိတဲ့ ပြည်နယ်လွတ်တော်အမတ် Pu Ral Hnin (ပူးရာလ်နှင်း) နေအိမ်ကို ယနေ့ဇန်နဝါရီလ ၁၉ ရက်နေ့မှာ စစ်ကောင်စီက ချိတ်ပိတ်လိုက်တာလို့ ဖလမ်းဒေသခံတစ်ဦးကပြောပါတယ်။

“နိုင်ငံတော်အပို်င် သိမ်းတော့မယ်။ ရောင်းဝယ်ခြင်းတွေ မလုပ်ရဆိုပြီး စာကပ်လိုက်တာ။ တခြားအိမ်တွေကို မကပ်ဘူး။ သူ့တစ်ယောက်ထဲအိမ်ပဲ ကွက်ပြီး တော့ကပ်တာ၊” လို့ ဖလမ်းမြို့ခံတစ်ဦးက ပြောပါတယ်။

Pu Ral Hnin ဟာ ၂၀၁၅ ခုနှစ်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ ဖလမ်းမြို့နယ်၊ အမှတ် (၁) ပြည်နယ်လွတ်တော်အမတ်အဖြစ် ရွေးချယ်ခံရသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း NLD ပါတီမှ ထပ်မံရွေးချယ်ခံရ သူဖြစ်ပါတယ်။

အလားတူ ဇန်နဝါရီလ ၁၉ ရက်နေ့မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ကလေးမြို့က ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခေါ်) ဒေါ်ရှားမီးရဲ့ နေအိမ်နဲ့ ကလေးမြို့၊ လှိုင်သာယာရပ်ကွက်က တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ်ဒေါ်သန့်ဝေကျော် နေအိမ်တို့ကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့ပါတယ်။

“ရဲနှင့် တပ်ပေါ့ ၂ ခုစလုံးကားနဲ့လာပြီး သူတို့အိမ်မှာ စာလာကပ်သွားတယ်” လို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

ဒေါ်ရှားမီးနှင့် ဒေါ်သန့်ဝေကျော်တို့ဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွေမှာ မျိူးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ ရွေးချယ်ခံရတဲ့လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီက နို်င်ငံပိုင်အဖြစ် ချိတ်ပိတ်သိမ်းယူသည့် လူနေအိမ် ၅ အိမ်ရှိနေပြီဖြစ် ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့က ဆမီးမြို့က NLD လွတ်တော်ကိုယ်စာလှယ် ဆလိုင်းမျိုးထိုက်နေအိမ်၊ အောက်တိုဘာလ ၃၀ ရက်နေ့က ဟားခါးမြို့က ချင်းအမျိုးသားတပ်ဦး CNF ဒုက္ကဌလည်းဖြစ် အမျိုးသား ညီညွှတ်ရေးအစိုးရ NUG ဖယ်ဒရယ်ပြည်စု ရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်း နေအိမ်၊ သိက္ခာတော်ရ ဆရာတော် ဦးဗန်ကျဲမ်နဲ႕ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်ောတ်ကိုယ်စားလှယ် ဦးရှန်မန်းတိ်ု့နေအိမ်ကို ချိတ်ပိတ်ခဲ့ကြပြီးဖြစ်ပါတယ်။

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...