လဲချားရောက်စစ်ရှောင် ကိုယ်ဝန်သည်များ ကလေးအနှီးနှင့် အဟာရမှုန့်များ လိုအပ်နေ

လဲချားရောက်စစ်ရှောင် ကိုယ်ဝန်သည်များ ကလေးအနှီးနှင့် အဟာရမှုန့်များ လိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့သို့ ရောက်ရှိနေသည့် စစ်ရှောင် ကိုယ်ဝန်ဆောင်များ ကလေးမွေးဖွားရန်အတွက် အနှီး နှင့် ကလေးအာဟာရမှုန့်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ လဲချားမြို့ စစ်ရှောင်စခန်းများတွင် ရောက်ရှိနေသည့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် (၆) လအောက် ကလေးငယ် (၂၀) ဦးကျော် ရှိနေပြီး ကလေး အာဟာရမှုန့် နှင့် ကလေး အနှီးများ လိုအပ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်တို့ စာရင်းရထားသလောက်က (၂၀)ကျော် ရှိတယ်။ အဲ့ထဲက မွေးခါနီးလည်းရှိတယ်။ အခက်ခဲတော့ သူနာပြုတွေမရှိဘူး။ လက်သည်ခေါ်ပြီး မွေးရမယ်။ ကလေးမီးဖွားဖို့အတွက် အနှီးတွေလိုမယ်။ ကလေးအာဟာရနို့မှုန့်တွေလိုမယ်။ တချို့ စစ်ပြေးနေရလို့ ကလေးမွေးပြီး သေဆုံးနေတာတွေလည်းရှိတယ်” ဟု ထိုအမျိုးသားက ထပ်လောင်းပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တိုက်ပွဲများကြောင့် ဒေသခံများ လဲချားမြို့နယ်အထိ ထွက်ပြေးတိမ်းရှောင်လာကြပြီး လက်ရှိ လဲချားတွင် စစ်ရှောင် (၅၀၀)ကျော် ရှိနေပြီဖြစ်ကြောင်း၊ ထိုစစ်ရှောင်များအတွက် အနွေးထည်များ ကလေးအဝတ်အထည်များ လိုအပ်နေကြာင်း သိရှိရသည်။

“လဲချားမှာ စစ်ရှောင်စခန်းက (၇)ခုလောက် ရှိတယ်။ တချို့လည်း မပြန်ကြတော့ဘူးလို့ပြောတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူ တစ်ဦးက ပြောသည်။

လဲချားမြို့နယ်သို့ ရောက်ရှိနေသည့် စစ်ရှောင်များသည် မိုင်းကိုင်မြို့နယ် ကျေးသီးမြို့နယ် ကျောက်မဲမြို့နယ်တို့မှ စစ်ရှောင်များဖြစ်ကြပြီး တချို့ စစ်ရှောင်များလည်း နေရပ်သို့ မပြန်တော့ပဲ ရွာထူထောင်လိုကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ကတည်းက ကျေးသီးမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲများကြောင့် လဲချားမြို့နယ်တွင် စစ်ရှောင်တချို့ ရွာသစ်လာရောက်ထူထောင်ထားကြောင်းလည်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...