စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပိုင်း အာရှလမ်းမပေါ်တွင် ရဲတပ်ဖွဲ့ အယောင်ဆောင် အကြမ်းဖက် PDF အဖွဲ့အားမြန်မာတပ်မတော် ကွန်မန်ဒို ၃ ဦးမှ လက်ရဖမ်းဆီးရရှိ ၄ ဦးသေဆုံး ၁၀ အရှင်ဖမ်းမိ ဆိုတဲ့သတင်းအမှား

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပိုင်း အာရှလမ်းမပေါ်တွင် ရဲတပ်ဖွဲ့ အယောင်ဆောင် အကြမ်းဖက် PDF အဖွဲ့အားမြန်မာတပ်မတော် ကွန်မန်ဒို ၃ ဦးမှ လက်ရဖမ်းဆီးရရှိ ၄ ဦးသေဆုံး ၁၀ အရှင်ဖမ်းမိ ဆိုတဲ့သတင်းအမှား

သတင်းအမှန်ကတော့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့ကိုထွက်ခွာလာတဲ့ ရဲတပ်ဖွဲ့ဝင်များကို တပ်မူး PDF တပ်ရင်း ၃ က မိုင်းဆွဲတိုက်ခဲ့တာဖြစ်ပါတယ်။

ထိုမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ ရဲအုပ်အဆင့် ၁ ဦးအပါအဝင် ရဲသား ၄ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမပြင် ခြောက်လုံးပြူးသေနတ် အပါအဝင် သေနတ်သုံးလက်နဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ ဆက်စပ်တဲ့ပစ္စည်းတချို့ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

USDP (တပ်မတော်ထောက်ခံသူများ ဆုံစည်းရာ) Group မှာ ကျော်သီဟ အကောင့်ကနေပြီးတော့ အထက်ပါ သတင်းကိုပဲ “စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပိုင်း အာရှလမ်းမပေါ်တွင် ရဲတပ်ဖွဲ့ အယောင်ဆောင် အကြမ်းဖက် PDF အဖွဲ့အားမြန်မာတပ်မတော် ကွန်မန်ဒို ၃ ဦးမှ လက်ရဖမ်းဆီးရရှိ ၄ ဦးသေဆုံး ၁၀ အရှင်ဖမ်းမိ” ဆိုပြီး သတင်းအမှားကို ဇန်နဝါရီလ ၁၇ ရက်နေ့မှာပဲ ပုံမှားရိုက်ပြီး  ပြန်လည်ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ သတင်းအမှားတွေဟာ နေစဉ်လိုလို ပျံနှံ့နေပါတယ်။ စာဖတ်သူများအနေနဲ့ သတင်းအမှား အမှန်ခွဲခြားနိုင်ဖို့ သတင်းများကိုဖတ်ျရှုတဲ့အခါသေချာ စီစစ်ပြီးဖတ်ရှုသင့်ပါတယ်။ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာမှတင်တဲ့ သတင်းများကိုသာ ဖတ်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...