နှစ်ဖက်တပ်နေရာချထားမှုနှင့် နယ်မြေပိုင်းခြားသတ်မှတ်မှုကို သက်ဆိုင်ရာ JMC-S အဖွဲ့များက ကြားဝင်ဆောင်ရွက်သွားမည်

နှစ်ဖက်တပ်နေရာချထားမှုနှင့် နယ်မြေပိုင်းခြားသတ်မှတ်မှုကို သက်ဆိုင်ရာ JMC-S အဖွဲ့များက ကြားဝင်ဆောင်ရွက်သွားမည်
by -
မဇ္ဈိမ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအကြား နယ်မြေပိုင်းခြားသတ်မှတ်မှုနှင့် နှစ်ဖက်တပ်နေရာချထားရေး ကိစ္စရပ်များကို သက်ဆိုင်ရာ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးအဖွဲ့(JMC-S) များက ကြားဝင်ညှိနှိုင်းဆောင်ရွက်သွားမည်ဟု သိရသည်။

ဇူလိုင် ၅ရက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရင်ကြားစေ့ရေး လုပ်ငန်းဗဟိုဌာန(NRPC) တွင် ပြုလုပ်သည့် ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) ၏ ၁၁ ကြိမ်မြောက် အစည်းအဝေးအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ (JMC-U)၏ အတွင်းရေးမှူး ဒေါက်တာရွှေခါးရ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ဒီကိစ္စတွေကို ထဲထဲဝင်ဝင် လုပ်နိုင်အောင် သက်ဆိုင်ရာ JMC-S တွေကနေ ကမကထလုပ်ပြီးတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီးတော့ နယ်မြေသတ်မှတ်မှု တပ်နေရာချထားမှုနဲ့ ပတ်သက်ပြီးတော့ အလုပ်ရုံဆွေးနွေးပွဲလုပ်ကြဖို့ အဲ့ကနေမှ တဖြည်းဖြည်းဆွေးနွေးကြဖို့ ဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်" ဟု ဒေါက်တာရွှေခါးရ် ကဆိုသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခို်က်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို တိုင်းရင်းသားလက်နက်ကိုင်(၈)ဖွဲ့နှင့် အစိုးရတို့ ၂၀၁၅ခုနှစ် သြဂုတ်လ ၁၅ရက်က လက်မှတ်ရေးထိုးခဲ့သော်လည်း လက်ရှိအချိန်ထိ အစိုးရတပ်မတော်နှင့် လက်မှတ်ထိုးထားသည့် အဖွဲ့များအကြား နယ်မြေအငြင်းပွားမှုများ ထိတွေ့ပစ်ခတ်မှုများ ရှိနေဆဲ ဖြစ်သည်။

NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအနက် တစ်ချို့အဖွဲ့များသည့် အစိုးရနှင့်ချုပ်ဆိုထားသော စာချုပ်ထဲတွင် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တိတိကျကျ ထည့်သွင်းချုပ်ဆိုထားသော်လည်း တစ်ချို့အဖွဲ့များက ထည့်သွင်းချုပ်ဆိုထားခြင်း မရှိပေ။

"KNU နဲ့ဆို စပြီးတော့ ဆွေးနွေးမှု လုပ်မယ့်ဟာ ဖြစ်နေပါတယ်။ နောက်တစ်ခုကတော့ RCSS နဲ့ကတော့ ကျိုင်းတုံ သဘောတူညီချက်၊ တောင်ကြီး သဘောတူညီချက်လိုမျိုး ရှိနေတော့   နှစ်ဖက်အဓိပ္ပါယ်ဖွင့်ဆိုမှုကတော့ မတူကွဲပြားမှုတွေ ရှိနေပြီးတော့ ဆက်လက်ပြီးတော့ ညှိနှိုင်းရမယ့်အခြေအနေမှာ ရှိနေပါတယ်" ဟု ဒေါက်တာရွှေခါးရ်၏ ပြောဆိုချက်အရ သိရသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...