တာချီလိတ်မြို့တွင် ဓားဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွား

တာချီလိတ်မြို့တွင် ဓားဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွား

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင် (ခ)ရပ်ကွက်တွင် ယနေ့ (ဇန်နဝါရီ ၁၇) မနက် ၄ နာရီခွဲတွင် ဓားဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဆန်ဆိုင်(ခ)ရပ်ကွက် ရီဂျီးနားဟိုတယ်အောက် ဝမ်မိုင်ရွာဝင် ကုန်းဆင်းနားတွင် လူအုပ်စု တစ်ဖွဲ့က ဓားရှည်ဖြင့် ဆိုင်ကယ်စီးလာသူကို ခုတ်ပြီး ဆိုင်ကယ်လုယူသွားကြောင်း မျက်မြင်တွေ့ရှိသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနက် (၄)နာရီလောက်ဖြစ်တာ။ လူတော့ သေဆုံးတာတွေ မရှိလောက်ဘူး။ ထိခိုက်ဒဏ်ရာရတာတော့ ရှိမှာပါ။ လူအုပ်စု တစ်စုက ဆိုင်ကယ်စီးလာတဲ့သူကို ဓားနဲ့ခုတ်ပြီးတော့ ဆိုင်ကယ်လုသွားတာ။ ဘယ်နှယောက်လာလည်းတော့ သေချာမတွေ့လိုက်ရဘူး” ဟု မျက်မြင်တွေ့ခဲ့သူ အမျိုးသမီးက ပြောသည်။

ထိုသို့ ဖြစ်ပွားခဲ့သောကြောင့် တာချီလိတ်မြို့ ဒေသခံများက မိမိအသက်အန္တရာယ်ကို စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။

“ကြောက်တာပေါ့။ အခုလို ကျမတို့ရပ်ကွက်နားဖြစ်တော့ ပိုကြောက်ဖို့ကောင်းတယ်။ ကျမတို့အတွက်လည်း လုံခြုံမှုမရှိတော့ဘူး။ အပြင်သွားလာဖို့တောင် ကြောက်နေရပြီ။ ဆိုင်ကယ်လည်း ခဏခဏ ခိုးခံရတာတွေ ရှိနေတယ်။ ခေတ်က ပျက်လာတော့ လုံခြုံမှုကလည်း မရှိတော့ဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

တာချီလိတ်မြို့တွင် ယခုရက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နေ့ရော ညပါ ကင်းလှည့်ပြီး နေ့စဉ် စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမှုပြုလုပ်နေသည့် အချိန်တွင်လည်း တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးယူမှုများ၊ ဓားပြမှုများ မကြာခဏ ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...