ဖမ်းဆီးခံသတင်းထောက်များကို သီပေါပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တွေ့ဆုံခွင့်မရ

ဖမ်းဆီးခံသတင်းထောက်များကို သီပေါပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တွေ့ဆုံခွင့်မရ
by -
မဇ္ဈိမ
သီပေါအကျဉ်းထောင်တွင် ရောက်ရှိနေသည့် DVB နှင့် ဧရာဝတီ သတင်းထောက်များကို ၄င်းတို့ မိဘများကိုယ်စား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အနေဖြင့်   တွေ့ဆုံခွင့် တောင်းခံရာတွင် ခွင့်ပြုချက်မရရှိခဲ့ကြောင်း သိရသည်။

 “တကယ်ဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်များဟာ ထောင်ထဲမှာတောင် စစ်ဆေးပိုင်ခွင့်ရှိပါတယ်။ လူထုကိုယ်စားပြုတဲ့သူဖြစ်တဲ့အတွက် တွေ့ဆုံခွင့်ရှိသင့်ပါတယ် ’’ ဟု သီပေါမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက မဇ္ဈိမကို ပြောသည်။

ဇွန်လ ၂၉ ရက်နေ့တွင် ထောင်ပိုင်ကြီး အကျဉ်းဦးစီး သီပေါမြို့သို့ လိပ်မူပြီး ၄င်းက ပေးပို့တောင်းခံ ခြင်း ဖြစ်သည်။

၎င်း၏ ထောင်ဝင်စာတွေ့ဆုံခြင်းတောင်းခံတဲ့အပေါ် တာဝန်ခံအရာရှိရုံး၊ အကျဉ်းထောင်၊ သီပေါမြို့၏ ဇူလိုင်လ ၅ ရက်နေ့ အကြောင်းပြန်စာတွင် လတ်စီဦးစီးအရာရှိ၏ လက်မှတ်ဖြင့် မိသားစုဝင်မဟုတ် ခွင့်မပြုကြောင်းနှင့် ပါဆယ်ပစ္စည်းများသာ လက်ခံပေးမည်ဖြစ်ကြောင်း ပါရှိသည်။

သီပေါအကျဉ်းထောင်တွင် မတရားအသင်းဥပဒေပုဒ်မဖြင့် ထိန်းသိမ်းလျက်ရှိသော သတင်းထောက် ၃ ဦးအား ၄င်းတို့၏ မိဘများမှာ ရပ်ဝေးမှ ဖြစ်ပြီး ကိုယ်တိုင် လာရောက်တွေ့ဆုံရန် အခက်အခဲရှိသောကြောင့် ၄င်းတို့၏ မိဘများကိုယ်စား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက တွေ့ဆုံခွင့်ရရန် တင်ပြတောင်းခံခဲ့ခြင်း ဖြစ်သည်။

01 25

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...