နိုင်ငံရေးသဘောတူညီချက်ရရှိမှသာ တိုင်းရင်းသားလက်နက်ကိုင်ဒေသများတွင် မိုင်းရှင်းလင်းရေးလုပ်ဆောင်နိုင်မည်

နိုင်ငံရေးသဘောတူညီချက်ရရှိမှသာ တိုင်းရင်းသားလက်နက်ကိုင်ဒေသများတွင် မိုင်းရှင်းလင်းရေးလုပ်ဆောင်နိုင်မည်
by -
မဇ္ဈိမ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ဒေသများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းကို   နိုင်ငံရေးသဘောတူညီမှုရှိမှသာ လုပ်ဆောင်သွားနိုင်မည်ဟု ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)၏ အတွင်းရေးမှူး ဒေါက်တာရွှေခါးရ်က ဆိုသည်။

JMC-U ၏ (၁၁)ကြိမ်မြောက်အစည်းအဝေးနှင့်စပ်လျဉ်း၍ ဇူလိုင်၅ရက် ညနေ၆နာရီတွင် ရန်ကုန်မြို့ NRPCရုံး၌ ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“မိုင်းဆိုတာကတော့ လုံခြံရေးအတွက် အဓိကထားကြပါတယ်။ တစ်ဖက်ကလည်း ဒီမိုင်းဟာဆိုရင် အားလုံးလည်းသိပါတယ်။ ဒီဟာကလူတွေအတွက်ကော ကျွန်တော်တို့နေ့ဓတူဝလုပ်ငန်း လုပ်ဆောင်တဲ့ အခါမှာရော ရွာသားတွေအတွက် အခက်အခဲတစ်စုံတစ်ရာဖြစ်စေမယ်ဆိုတာ နားလည်ပါတယ်။ ကျွန်တော်တို့ရဲ့လက်ရှိအခြေအနေကိုရော ကျွန်တော်တို့ကြည့်လိုက်တော့ ဒီနိုင်ငံရေးသဘောတူညီချက် ရရှိမှုအပေါ်မှာပဲ  မိုင်းကိစ္စကိုလုပ်သွားနိုင်မှာဖြစ်ပါတယ်”ဟု JMC-U၏ အတွင်းရေးမှူး ဒေါက်တာရွှေခါးရ်က ပြောသည်။

ကရင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်ကို ၂၀၁၇ ဧပြီလ၌လုပ်ဆောင်နိုင်ရန်စီစဉ်ထားကြောင်း JMC-U၏ အတွင်းရေးမှူးဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောဆိုထားသော်လည်း လက်ရှိအချိန်ထိ ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခို်က်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို တိုင်းရင်းသားလက်နက်ကိုင်(၈)ဖွဲ့နှင့် အစိုးရတို့ ၂၀၁၅ခုနှစ် သြဂုတ်လ ၁၅ရက်က လက်မှတ်ရေးထိုးခဲ့သည်။

NCAစာချုပ်ပါ အခန်း(၃)ပုဒ်မခွဲ(င)၌ နှစ်ဖက်တပ်များ ချထားသည့်မိုင်းများကို ရှင်းလင်းရန်နှင့် အဆိုပါ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို နိုင်ငံရေးပြဿနာကြောင့် အစိုးရနှင့်ညှိနိူင်းရှင်းလင်းသွားရန်ဟု   ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၄၁၉ဦး၊ ထိခိုက်ဒဏ်ရာရရှိိသူ ၃၁၅၆ဦး ရှိနေကြောင်း ၁၉၉၉ခုှနှစ်မှ ၂၀၁၅ခုနှစ်အတွင်းကောက်ယူရရှိထားသော စစ်တမ်းများအရ သိရသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...