တောင်ကြီးနှင့် ဟိုပုံးမြို့ရှိ စစ်ရှောင်များ ဧည့်စာရင်းတိုင်ကြားရ

တောင်ကြီးနှင့် ဟိုပုံးမြို့ရှိ စစ်ရှောင်များ ဧည့်စာရင်းတိုင်ကြားရ

စစ်ကောင်စီမှ အကြမ်းဖက် ထိုးစစ်ဆင်မှုကြောင့် တောင်ကြီးနှင့် ဟိုပုံးမြို့သို့ ရောက်ရှိလာသည့် စစ်ရှောင်များ ဧည့်စာရင်းတိုင်ကြားရကြောင်း သတင်းသိရသည်။

ဟိုပုံးမြို့ ရန်ကင်းရွာ ဇောတိကာရာမကျောင်းတိုက်နှင့် ရပ်ကွက်တွင်း ခိုလှုံနေထိုင်ကြသည့် စစ်ရှောင်များအနေဖြင့် သက်ဆိုင်ရာရပ်ကွက်ရုံးသို့ ဧည့်စာရင်းတိုင်ထားရပြီး မှတ်ပုံတင်နှင့် အိမ်ထောင်စုမပါလာသူများက ဆွေမျိုးများ၏ ထောက်ခံချက်ဖြင့် ဧည့်စာရင်းတိုင်ရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ရှောင်တွေကို ဧည့်စာရင်းကောက်ပါတယ်၊ တချို့က ချက်ချင်းကြီး ပြေးထွက်လာရတော့ ဘာမှမယူလာရဘူးလေ၊ အဲ့လိုမျိုးတွေဆို ဆွေမျိုးတွေက ထောက်ခံပေးရတယ်၊ ဆွေမျိုးမရှိတဲ့သူက ထွက်ပြေးလာသူ အချင်းချင်း ထောက်ခံပေးရတာမျိုးတွေရှိတယ်” ဟု ဟိုပုံးမြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုပုံးမြို့မှ ကရင်နီစစ်ရှောင်များသည် ဧည့်စာရင်းတိုင်ရသည့်အပြင် ကိုဗစ် – ၁၉ ရှိမရှိကိုလည်း ဆေးရုံသို့ သွားရောက်စစ်ဆေးရကြောင်း ၎င်းက ဆက်ပြောသည်။

“အိမ်ငှားနေတဲ့သူတွေ၊ ဆွေမျိုးတွေနဲ့လာနေတဲ့သူတွေကို ကိုဗစ် သွားစစ်ဖို့ ပြောဆိုတာရှိပါတယ်၊ တချို့နေရာကတော့ သူတို့(စကစ)က လာစစ်ပေးတယ်၊ အဲ့လိုမျိုးဆိုရင်တော့ ပိုက်ဆံမကုန်ဘူး၊ အိမ်ကနေ ကိုယ့်ဘာသာ သွားစစ်တဲ့ သူကတော့ ပိုက်ဆံကုန်တယ်” ဟု ဟိုပုံးမြို့မှ ဒေသခံက ပြောသည်။

ထို့အတူ တောင်ကြီးမြို့ ရပ်ကွက်အတွင်း ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည်လည်း ဧည့်စာရင်းတိုင်ထား ရကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် သူများထံမှ သိရသည်။

“စီစဥ်ပေးထားတဲ့ ဘုန်းကြီးကျောင်းမှာ မဟုတ်ဘဲ ရပ်ကွက်ထဲဝင်နေတဲ့ သူတွေက ဧည့်စာရင်းတိုင်ရပါတယ်၊ ဘုန်းကြီးကျောင်းမှာ နေတဲ့သူတွေတော့ သက်ဆိုင်ရာက စာရင်းလာကောက်သွားတယ်” ဟု တောင်ကြီးမြို့မှ စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့အဝင် သံလမ်း စစ်ဆေးရေးဂိတ်တွင် စောင့်ကြသည့် စစ်ကောင်စီတပ်သားများသည် စစ်ရှောင်များ၏ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ တောင်းကြည့်ခြင်း၊ ပစ္စည်းနှင့် ဖုန်းများကို တောင်းယူစစ်ဆေးခြင်းများ ပြုလုပ်နေကြောင်းလည်း သတင်းသိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...