ဟားခါးမြို့ CNLD လွတ်တော် ကိုယ်စားလှယ် ဦးရှန်မန်းနေအိမ် ချိတ်ပိတ်ခံရ

ဟားခါးမြို့ CNLD လွတ်တော် ကိုယ်စားလှယ် ဦးရှန်မန်းနေအိမ် ချိတ်ပိတ်ခံရ

ချင်းပြည်နယ်၊ ဟားခါးမြို့ ဈေးသစ်ရပ်ကွက်တွင် ရှိသော CNLD လွတ်တော် ကိုယ်စားလှယ် ဦးရှန်မန်း နေအိမ်ကို  ဇန္နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက် ချိတ်ပိတ်သွားသည်ဟု သိရသည်။

“မနေ့က ချိတ်ပိတ်ထားတာ ရဲတွေနဲ့ စစ္သားတွေက။ အိမ်ရှင်တွေကို အိမ်ထဲက ပစ္စည်းတွေကို ထုတ်ခိုင်း တာရှိတယ်။ ထုတ်ခိုင်းတဲ့အချိန်က နည်းနည်းလေးပေးတာ အကုန်လုံးသူတို့ထုတ်ချင်တဲ့ဟာတောင်မှ အကုန် မထုတ်နိုင်ဘူးဖြစ်နေတယ်။ အဓိကေတာ့ ဒီကို ကျွန်တော်တို့ ချိတ်ပိတ်တော့မယ် ခင်ဗျားတို့ ယူချင်တဲ့ဟာ ပစ္စည်းကိုယူပါဆိုတဲ့သဘောအနေနဲ့ပေါ့” ဟု ဟားခါးမြို့ခံတစ်ဦးကပြောသည်။

၎င်း၏ နေအိမ် ချိတ်ပိတ်ခံရခြင်းသည် ဦးရှန်မန်းမှာ ရွေးကောက်ခံပြည်နယ်လွတ်တော် ကိုယ်စ လှယ်တစ်ဦးဖြစ်သည့်အပြင် သားဖြစ်သူမှာလည်း ဟားခါးမြို့ ပြည်သူ့ဆေးရုံအုပ်ဖြစ်ပြီး လက်ရှိ CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု သိရသည်။

ဦးရှန်မန်းမှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီမွ ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း တစ်ဦးတည်းသော အနိုင်ရရွေးကောက်ခံပြည်နယ် လွတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီမှ နိုင်ငံပိုင်အဖြစ် ချိတ်ပိတ်သိမ်းယူသည့် လူနေအိမ် ၄ အိမ်ရှိနေပြီဖြစ်ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့က ဆမီးမြို့က NLD လွတ်တော်ကိုယ်စာလှယ် ဆလိုင်းမျိုးထိုက်နေအိမ်၊ အောက်တိုဘာလ ၃၀ ရက်နေ့က ဟားခါးမြို့ ချင်းအမျိုးသားတပ်ဦး CNF ဒုက္ကဌလည်းဖြစ် အမျိုးသား ညီညွှတ်ရေးအစိုးရ NUG ဖယ်ဒရယ်ပြည်စုရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်း နေအိမ်အပါအဝင် ကျောဘုတ်ရပ်ကွက်မှ သိက္ခာတော်ရ ဆရာတော် ဦးဗန်ကျဲမ်နေတို့ကိုလည်း ချိတ်ပိတ်ခဲ့ပြီး ဖြစ်သည်။

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...