ကရင်နီဘက်မှ ဆီဆိုင်မြို့နယ်သို့ စစ်ရှောင်လာသူများကို PNLA/PNLO ကူညီပေးနေ

ကရင်နီဘက်မှ ဆီဆိုင်မြို့နယ်သို့ စစ်ရှောင်လာသူများကို PNLA/PNLO ကူညီပေးနေ

သျှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သည် ကရင်နီဘက်မှ ဆီဆိုင်မြို့နယ် အတွင်းသို့ စစ်ရှောင်လာသည့် ပြည်သူများကို ကူညီပေးနေကြောင်း စုံစမ်းသိရသည်။

ယနေ့ ဇန်နဝါရီ ၁၁ရက်နေ့တွင် ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်လာသော ကရင်နီမှ ပြည်သူများကို PNLO/PNLA တို့က ဆန်၊ ဆီ၊ ဆား နှင့် လူသုံးကုန်ပစ္စည်းတချို့ ကူညီပေးခဲ့ကြောင်းလည်း သိရသည်။

“ကျနော်တို့ကနေ တတ်နိုင်သမျှကူညီသွားဖို့ရှိပါတယ်၊ နောက်ပြီးတော့ တခြားအလှူရှင်တွေကိုလည်း ပါဝင်လာနိုင်အောင် စစ်ရှောင်တွေအတွက်အကူအညီရနိုင်အောင် ကူချိတ်ပေးမယ်၊ အဓိကကတော့ ကျနော်တို့ ပအိုဝ့်တိုင်းရင်းသားတွေကလည်း အမှန်တရားဘက်ရပ်တည်နေတယ်ပေါ့” ဟု PNLO မှ အဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

PNLO တွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ၊ ခွန်သူရိန် နှင့် ခွန်မြင့်ထွန်းတို့ ဦးဆောင်ပြီး ၂၀၁၅ ခုနစ် အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)၌ ပါဝင်လက်မှတ် ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ခုလည်း ဖြစ်သည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...