ကန်ပက်လက်မြို့တပ်တွင်းပစ်ခတ်မှု တပ်ရင်းမှူးနှင့် တပ်ရေးဗိုလ်ကြီးအပါအဝင် ၄ ဦးသေဆုံး

ကန်ပက်လက်မြို့တပ်တွင်းပစ်ခတ်မှု တပ်ရင်းမှူးနှင့် တပ်ရေးဗိုလ်ကြီးအပါအဝင် ၄ ဦးသေဆုံး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ နံနက်၉နာရီခွဲအချိန်ခန့်က အချင်းချင်းစကားများပြီးပစ်ခတ်မှုဖြစ်ပွားခဲ့ရာတပ်ရင်းမှူးအပါအဝင် တပ်ရေးဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီးနှင့်တပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

''ဘယ်လိုကနေစဖြစ်တာလဲဆိုတာတော့မသိနိုင်သေးဘူး၊ တပ်ကြပ်ကြီးကပစ်တာလို့ပြောတယ်။ သူလည်းသေသွားတယ်။ သူ့ကိုလည်းဝိုင်းပစ်ကြတယ်ထင်တယ်။အခုသေသွားတယ်ဆိုတဲ့ တပ်ရင်းမှူးက သဘောထားပျော့ပြောင်းတဲ့သူလို့လည်းသိရတယ်။''ဟု မြေပြင်ရှိသတင်းရင်းမြစ်များထံမှသိရသည်။

ကန်ပက်လက်မြို့တွင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းနှင့် ရန်အောင်ရတနာစေတီကုန်းတို့တွင် စစ်တပ်မှတပ်စွဲထားရှိပြီး အင်တာနက်လိုင်းများဖြတ်တောက်ထားခြင်းကြောင့် ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...