သျှမ်းမြောက်တွင် စစ်ကောင်စီတပ်ဖွဲ့က KIA အပြင် MNDAA နှင့်လည်း တိုက်ပွဲဖြစ်

သျှမ်းမြောက်တွင် စစ်ကောင်စီတပ်ဖွဲ့က KIA အပြင် MNDAA နှင့်လည်း တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း မုံးပေါမြို့နယ်တွင် စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)တပ်ဖွဲ့အပြင် မုံးကိုးမြို့နယ်၌ စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် သျှမ်းပြည်မြောက်ပိုင်း မုံးပေါမြို့နယ်အတွင်း၌ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့နှင့် KIA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲဒီနေ့ ၁၀ နာရီခွဲဝန်းကျင်ကနေစပြီး မုံးပေါ်မှာ ပစ်ခတ်သံတွေ ကြားခဲ့ရတယ်၊ မြို့ပေါ်မှာတော့ မဟုတ်ပါဘူး၊ တောင်ပေါ်မှာပါ၊ နှစ်ဘက် ထိခိုက်မှု ဘယ်လောက်ရှိလဲတော့ မသိရဘူး” ဟု မုံးပေါ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အတူပင် မုံးကိုးမြို့နယ်အတွင်းမှာလည်း အာဏာသိမ်းစစ်ကောင်စီတပ်တို့သည် ကိုးကန့်တပ်မတော် MNDAA တို့နှင့် တိုက်ပွဲဖြစ်ပွားပြီး တိုက်လေယာဥ်နှစ်စီးဖြင့် လေးကြိမ် လာရောက်ပစ်ခတ်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီတွေက မုံးကိုးမြို့နယ်၊ ဖောင်းဆိုင်ဘက်မှာ လေယာဥ်နဲ့ပါ တိုက်ကူတာ၊ လေယာဥ် နှစ်စီးနဲ့ လေးကြိမ် လာပစ်သွားတယ်၊ သေနတ်သံရော၊ ဗုံးသံတွေရော ဆူညံနေတာပဲ၊ ဗုံးသံတွေ ကြားရတာက ၂၀ နီးပါးရှိတယ်” ဟု အမည်မဖော်လိုသည့် မုံးကိုးမြို့ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇန်နဝါရီလ ၅ ရက်နေ့တွင် မုံးကိုးမြို့နယ်အတွင်း နံနက် ၈ နာရီကျော်ဝန်းကျင်မှ ၁၁ နာရီအထိ ပစ်ခတ်သံများ ကြားရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လ ကတည်းက စတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် MNDAA တို့၏ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်ကူအင်အား အမြောက်အမြားဖြင့် အကြိမ်ကြိမ် အင်အားဖြည့်ကာ ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီဘက်သာ အထိနာခဲ့သည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...