ပြည်သူများကို လူမဆန်စွာ ကျူးလွန်သည့် စစ်ကောင်စီလုပ်ရပ်များကို PPST ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ

ပြည်သူများကို လူမဆန်စွာ ကျူးလွန်သည့် စစ်ကောင်စီလုပ်ရပ်များကို PPST ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ

စစ်ကောင်စီမှ လူမဆန်စွာ ကျူးလွန်မှုများကို တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ စုပေါင်းဖွဲ့စည်းထားသော PPST က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယမန်နေ့ (ဇန်နဝါရီ ၆) ရက်စွဲဖြင့် ကြေညာချက်ထုတ်လိုက်သည်။

ထိုကြေညာချက်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ကယားပြည်နယ် ဖရူဆို မိုဆို ကိစ္စ၊ လေးကေကော် ငြိမ်းချမ်းရေးမြို့သစ်ကိစ္စနှင့် ဒေသအသီးသီးရှိ အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများအပါအဝင် အရပ်သားများအပေါ် စစ်ကောင်စီ၏ လူမဆန်စွာကျူးလွန်မှုများကို PPST က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ရေးသားဖော်ပြထားသည်။

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနှင့် မဖြေရှင်းဘဲ အင်အားသုံးဖြေရှင်းသည့်အတွက် ပြည်သူများ သေဆုံးခြင်း၊ ဒုက္ခမျိုးစုံရောက်ခြင်း၊ လူမှုစီးပွားနိမ့်ဆင်းခြင်း၊ လူငယ်များ အနာဂတ်ပျောက်ခြင်းကို ဝမ်းနည်းကြောင်းလည်း PPST ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးဆွေးနွေးခြင်းဖြင့် အဖြေရှာရန် PPST ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

၂၀၂၂ တွင် လွတ်လပ်ငြိမ်းချမ်းသည့် ဒီမိုကရေစီ အရသာ ပြန်ခံစားနိုင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဝိုင်းဝန်းပါဝင်ရန်လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အာဆီယံနိုင်ငံအပါအဝင် နိုင်ငံတကာ ကြားဝင်စေ့စပ်မှုကို လက်တွေ့ကျကျဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည် ဟု PPST ထုတ်ပြန်လိုက်သည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...