NCA ပြန်လည် သုံးသပ်ပြီး နိုုင်ငံရေး မူဘောင်များ ပြင်ဆင်မည်

NCA ပြန်လည် သုံးသပ်ပြီး နိုုင်ငံရေး မူဘောင်များ ပြင်ဆင်မည်
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
NCA ပြန်လည် သုံုးသပ်ပြီး နိုုင်ငံရေး မူဘောင်များ ပြင်ဆင်မည်။
NCA ပြန်လည် သုံုးသပ်ပြီး နိုုင်ငံရေး မူဘောင်များ ပြင်ဆင်မည်။
တစ်နိုုင်ငံလုံုး ပစ်ခတ်တိုုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးအဖွဲ့များက နိုုင်ငံရေး မူဘောင်များ ပြန်လည် ပြင်ဆင်သွားရန် ဆုံုးဖြတ်လိုုက်သည်။

NCA လက်မှတ်ရေးထိုုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ PPST ရဲ့ ထိပ်သီး ခေါင်းဆောင် အစည်းအဝေးမှာ ဆုံုးဖြတ်ချက်ချမှတ်ပြီး ယင်းလုပ်ငန်း အကောင်အထည်ဖော်ရန် အလုပ်အဖွဲ့တစ်ခုကိုု ထပ်မံဖွဲ့စည်း ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌ ပူးဇင်ကျံုး က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဲ့ဒီ စိန်ခေါ်မှုထဲမှာ အရေးအကြီးဆုံုးကတော့ ကျနော်တိုု့ NCA လမ်းကြောင်းအတိုုင်းမသွားတဲ့ စိန်ခေါ်မှုကြီးဟာ ကျနော်တိုု့အတွက် အင်မတန်မှ ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်

NCA ဆွေးနွေးစဉ်က အဆုံးမသတ်ပဲ လက်မှတ်ရေးထိုုးခဲ့တဲ့ မူဘောင်တွေကိုုလည်း အမြန်အဆုံုး သတ်ရန် လိုုအပ်နေကြောင်း ပူးဇင်ကျံုး က ပြောသည်။

ဒီ ဖရိန်ဝပ်ခ် အတုုိင်း ကျနော်တိုု့ သွားရမှာ ဖြစ်ပေမယ့်လိုု့ ဖရိန်ဝပ်ခ် ကိုုလည်း ဒီကနေ့အထိ အပြီးသတ်လုုပ်လိုု့မရသေးဘူး၊ တွဲလုုပ်နေ ရတဲ့ စမ်းတဝါးဝါးသွားနေရတဲ့ အနေအထားမျိုး။ နောက်ပြီး အစာမကြေပဲ တခုုခုုမကျပဲနဲ့ သွားနေတဲ့ အနေအထားမျိုး ဖြစ်နေတဲ့ အခါကြတော့ ကျနော်တိုု့ အဲ့ဒီလမ်းကြောင်းကြီးဟာ ဖြောင့်ဖြောင့် ဖြူးဖြူးသွားလိုု့ မရဘူး၊ ဒါကြောင့် ဖရိန်းဝပ်ခ် ကိုု အပြီးသတ်ဖိုု့ လိုုတယ်။ အားလုံုးတူညီတဲ့ အမြင်တွေ စုုဖိုု့လိုုတယ်။

NCA အပါအဝင် နိုုင်ငံရေးမူဘောင်တွေ ပြင်ဆင်နိုုင်ရန် ဖွဲ့စည်းလိုုက်သည့် ကော်မတီကို ငြိမ်းချမ်းရေး လုုပ်ငန်းစဉ် အဆင့်ဆင့်ကိုု ပြန်လည်သုံုးသပ်ခြင်း နှင့် ပြန်လည်ပြုပြင်ပြောင်းလဲခြင်း တာဝန်ယူ လုုပ်ဆောင်သွားရေး အလုုပ်အဖွဲ့ဟု အမည်ပေးထားပြီး ဒီအဖွဲ့ကိုု UPDJC ဒုုဥက္ကဌ ပဒိုုစောကွယ်ထူးဝင်း ဦးဆောင်ကာ အဖွဲ့ဝင် ၂၁ ယောက်ဖြင့် ဇူလိုုင်လ ၂၀ ရက်နေ့မှ စတင် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။

အခက်အခဲများအတွင်းတွင် မူလသဘောတူခဲ့သည့် လုံခြံုရေး ကဏ္ဍ အပြောင်းအလဲ SSR ပြီးမှ လက်နက်ဖြုတ်သိမ်းရေး DDR ကို သွားရန် ဖြစ်သော်လည်း လက်ရှိလမ်းကြောင်းမှာ လက်နက်ဖြုတ်သိမ်းရေးကိုသာ ဦးတည်နေသည်ဟု ပူးဇင်ကျံုးက ပြောသည်။

ဒီကနေ့ အခင်းအကျင်းကြတော့ ကျနော်တိုု့ SSR ဘက်မသွားတော့ပဲနဲ့ DDR တစ်ခုုထဲကိုုပဲ ကျနော်တိုု့ စစ်တပ်က ကျနော်တိုု့ အစိုုးရ ဘက်က တွန်းလာတဲ့ အနေအထားမျိုး အထိဖြစ်လာတဲ့ အနေအထားဟာ ဒါ မသင့်တော်ဘူး NCA လမ်းကြောင်းနဲ့ တော်တော်လွဲနေတဲ့ အနေအထားမျိုး ဖြစ်တယ်လိုု့ ကျနော်တိုု့ အဲ့သလိုုပဲ ယူဆပါတယ်။

ဒါ့အပြင် ၂၁ ရာစုု ပင်လုံုညီလာခံတွင်လည်း အပစ်အခတ်ရပ်စဲထားသော အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲခြင်း မရှိသေးသော အဖွဲ့များ တင်ပြထားသည့် နိုုင်ငံရေး မူဘောင် နှစ်ခု ရှိနေသည့် အတွက် ရှုတ်ထွေးမှုများလည်း ရှိနေသည်ဟု တိုုင်းရင်းသား အဖွဲ့များက ပြောသည်။

NCA သဘောတူညီချက်အရ နိုုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရာတွင် နိုုင်ငံရေးပါတီတွေအားလုံုးကိုု ဖိတ် ကြားဆွေးနွေးသွားရန် သဘောတူခဲ့သော်လည်း အာဏာရ ပါတီကသာ အဓိကပါ၀င်သကဲ့သို့ ဖြစ်နေခြင်းကြောင့် လွဲမှားမှုများ ရှိနေသည်ဟု ပူဇင်ကျံုးက ထောက်ပြသည်။

ဤအခြေအနေများကြောင့် NCA ငြိမ်းချမ်းရေး လုုပ်ငန်းစဉ်တခုုလုံုးကိုု ပြန်လည်သုံုးသပ် ပြင်ဆင်ပြီး လာမည့် သြဂုုတ်လအတွင်းတွင် တိုုင်းရင်းသား လက်နက်ကိုုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံုး အပါအဝင် တုုိင်းရင်းသား နိုုင်ငံရေးပါတီကိုုယ်စားလှယ်များနှင့် တိုုင်းရင်းသား လူမှုအဖွဲ့အစည်းများ ESOs ပါ၀င်သည့် ထိပ်သီး ညီလာခံ တစ်ရပ် ခေါ်ယူကျင်းပပြီး အတည်ပြုချက် ရယူသွားမည်ဟု လည်း သိရသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...