နမ့်စန်မှ စစ်ရဟတ်ယာဥ်များ သျှမ်းမြောက်ဘက်သို့ ဦးတည်ပျံသန်း

နမ့်စန်မှ စစ်ရဟတ်ယာဥ်များ သျှမ်းမြောက်ဘက်သို့ ဦးတည်ပျံသန်း

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်မှ လေယာဥ်များစွာသည် မြောက်အရပ်သို့ ဦးတည်ပြီး ပျံသန်းသွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့ နေ့လည် ၁၁ နာရီခွဲဝန်းကျင်ခန့်တွင် နမ့်စန်မြို့အခြေစိုက် စစ်ကောင်စီ လေတပ်စခန်းမှ အမျိုးအစားမတူသည့် လေယာဥ်များသည် သျှမ်းမြောက်ဘက်သို့ ဦးတည်ပြီး ပျံသန်းသွားကြောင်း သတင်းသိရသည်။

“ဒီလို လေယာဥ် အတက်အဆင်းမရှိတာ တော်တော်ကြာနေပြီ၊ ဒီနေ့တော့ လေယာဥ် ၁၀ စီးကျော်လောက်က မြောက်ဘက်ကို ဦးတည်ပြီး ပျံသန်းသွားတာ တွေ့ရတယ်၊ လူပါတဲ့ရဟတ်ယာဥ်ရော၊ လူငယ်တွေပြောတဲ့ ဗုံးကျဲတဲ့ လေယာဥ်အမျိုးအစားရော တွေ့ရတယ်” ဟု နမ့်စန်မြို့မှ အမည်မဖော်လိုသည့် အသက် ၅၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင်လည်း အာဏာသိမ်းစစ်ကောင်စီ၏ နမ့်စန်လေတပ်မှ ရဟတ်ယာဉ်အသုံးပြုပြီး ထောက်ပို့လုပ်ငန်းများ လုပ်ဆောင်ပြီးနောက်ပိုင်း မည်သည့်လေယာဥ်ပျံသန်းမှုမှမရှိဘဲ ယနေ့မှ ပြန်လည် မြင်တွေ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ နမ့်စန်မြို့မှ လေယာဥ်များ မြောက်ဘက်သို့ ဦးတည်ပျံသန်းခြင်းသည် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲကို စစ်ကူရန်အတွက် ထွက်ခွာသွားခြင်းဖြစ်နိုင်သည်ဟု ယူဆ ကြောင်းလည်း နမ့်စန်မြို့မှ အမျိုးသားလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့က နမ့်ခမ်းဘက်မှာ TNLA နဲ့ စကစတွေ တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း ကြားပါတယ်၊ ဒီနမ့်စန်ကနေ မြောက်ဘက်ကို သွားတဲ့ လေယာဥ်တွေက TNLA ကို တိုက်ဖို့သွားတဲ့ စစ်ကူတွေလား ဆိုပြီး တွေးမိပါတယ်၊ ဒီလိုလေယာဥ်နဲ့သာ တိုက်ပွဲဝင်မယ်ဆိုရင်တော့ ပြည်သူတွေအတွက် အထိနာမယ်၊ စိုးရိမ်ရတယ်” ဟု အဆိုပါလူငယ်က ပြောသည်။

စစ်ကောင်စီတို့၏ လေတပ်အခြေစိုက်စခန်းရှိသည့် နမ့်စန်မြို့သည် သျှမ်းပြည်တောင်ပိုင်းအတွင်းတွင် တည်ရှိနေပြီး သျှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ သွားလာလှုပ်ရှားနေသည့် နယ်မြေ ဖြစ်သည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...