ကန်ပက်လက်မြို့ပေါ်ရှိ လူမနေသည့်နေအိမ်များကို ချိပ်ပိတ်မည်ဟု စစ်ကောင်စီကခြိမ်းခြောက်

ကန်ပက်လက်မြို့ပေါ်ရှိ လူမနေသည့်နေအိမ်များကို ချိပ်ပိတ်မည်ဟု စစ်ကောင်စီကခြိမ်းခြောက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှ နေရပ်စွန့်ခွါကြသည့် ပြည်သူများအား နေရပ်သို့ပြန်လာကြရန်နှင့် နှစ်ပတ်အတွင်း မိမိနေအိမ်သို့ပြန်လည်နေထိုင်ခြင်းမရှိသည့် အိမ်များကို ချိပ်ပိတ်မည်ဟု စစ်ကောင်စီက လိုက်လံခြိမ်းခြောက်နေကြောင်း ကန်ပက်လက်ဒေသခံများထံမှ သိရသည်။

“အဲလိုပြောတာက သုံးလေးရက်တော့ရှိပြီ။ မပြန်လာရင်တော့ ချိတ်ပိတ်မယ်ပေါ့။ ပြန်လာကြပါလို့ပြေတာ ဒီလဆယ့်လေးရက်နေ့အတွင်း ပြန်မနေလို့ရှိရင် ချိတ်ပိတ်မယ်လို့ပြောတာ” ဟု ကန်ပက်လက်မြို့ဒေသခံတစ်ဦးက ပြောသည်။

လူဦးရေ ငါးထောင်ကျော်ရှိသည့် ကန်ပက်လက်မြို့တွင် စစ်ကောင်စီတပ်နှင့် CDF- Kanpetlet တပ်ကြားတွင် တိုက်ပွဲ ဖြစ်ပွားမှုများ ပြင်ထန်လာခဲ့ပြီးနောက် မြို့ပေါ်နေ ပြည်သူအားလုံးနီးပါးမြို့ကို စွန်ခွာကာ မကွေးတိုင်း ဆောမြို့နှင့် ကျေးရွာ၊ စိုက်ခင်းခြံ တို့တွင် ထွက်ပြေး စစ်ဘေးခိုလှုံခဲ့ကြခြင်းဖြစ်သည်။

ယခုရက်ပိုင်းတွင် မြို့ပေါ်သို့ပြန်လာသည့် ပြည်သူအချို့ရှိနေသော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေသည့်အတွက် ပြည်သူများကလည်း ကြောက်ရွံ့စိုး ရိမ်မှုများနေသည်ဟုသိရသည်။

“သူတို့ကတော့ လာပြန်နေကြပါသာပြောတာ၊ ဘယ်နှယ့်နေတဲ့သူတွေရဲ့အိမ်ကိုပေါ်တင်ကြီးပစ်တာ၊ သူသူကို ယ်ကိုယ်ဆိုလည်းကြောက်တာပေါ့။ အိမ်မှာနေပါတယ်ဆိုမှ ရှိမှန်းသိတာတောင်ပစ်တာကြီးကိုး ဘယ်သူနေရဲမလဲ အခုကြတော့ ပြန်လာနေပါဆိုတော့ စဉ်းစားရခက်တာပေါ့” ဟု ကန်ပက်လက်ဒေသခံကပြောသည်။

ကန်ပက်လက်မြို့တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF- Kanpetlet) တို့အကြား ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုရားကျောင်းအပါအဝင် လူနေအိမ်များ လက်နက်ကြီးကျည်ထိမှန်ခြင်း၊ မိုင်းနင်းမိခြင်းနှင့် လူမနေထိုင်သည့်နေအိမ်များကိုလည်း ဖောက်ထွင်းကာ ပစ္စည်းများကိုခိုးယူခြင်းတို့ရှိနေသည်ဟု သိရသည်။

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...