အဖွဲ့ ၈ ဖွဲ့၏ UPDJC အစည်းအဝေး ထိုုင်းနိုုင်ငံ၌ ပြုလုုပ်

အဖွဲ့ ၈ ဖွဲ့၏ UPDJC အစည်းအဝေး ထိုုင်းနိုုင်ငံ၌ ပြုလုုပ်
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
NCA အပစ်ရပ် တိုုင်းရင်းသားအဖွဲ့ ၈ ဖွဲ့၏ UPDJC အစည်းအဝေး ထိုုင်းနိုုင်ငံ၌ ပြုလုုပ်
NCA အပစ်ရပ် တိုုင်းရင်းသားအဖွဲ့ ၈ ဖွဲ့၏ UPDJC အစည်းအဝေး ထိုုင်းနိုုင်ငံ၌ ပြုလုုပ်
အစိုုးရနှင့် တစ်နိုုင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုုး ထားကြသည့် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့၏ ပြည်ထောင်စုု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကိုု ထိုုင်းနိုုင်ငံ ချင်းမိုုင်မြို့ရှိ Tarin Hotel တွင် ယနေ့ မနက် ၉ နာရီက စတင်ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တုုိ်င်းရင်းသား လက်နက်ကုုိင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ PPST ထိပ်သီးခေါင်းဆောင်အစည်းအဝေးဆုံုးဖြတ်ချက်များ တင်ပြခြင်း၊ ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုု ပင်လုံု ဒုုတိယအကြိမ် အစည်းအဝေးနှင့် ပတ်သက်၍ ပြန်လည်သုံုးသပ်ခြင်းနှင့် ၉ လကြာ ဆောင်ရွက်ခဲ့သည့် NCA အပစ်ရပ် တိုုင်းရင်းသား အဖွဲ့ ၈ ဖွဲ့၏ UPDJC လုုပ်ငန်းဆောင်ရွက်မှုများအား ပြန်လည်သုံုးသပ်ခြင်းအပါအဝင် အပစ်ရပ်အဖွဲ့များ၏ ရုံုးဖွဲ့စည်းမှု ကိစ္စများကိုု ဆွေးနွေးသွားကြမည်ဟုု သိရသည်။

ထိုုင်းနိုုင်ငံ ချင်းမိုုင်မြို့တွင် ယနေ့စတင်ကျင်းပသည့် ပြည်ထောင်စုု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး သည် ၁၇ ကြိမ်မြောက် ကျင်းပသည့် အစည်းအဝေးဖြစ်သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...