မူဆယ်မြို့ ၁၀၅ မိုင်တွင် ဖရဲသီးများ စွန့်ပစ်ရ

မူဆယ်မြို့ ၁၀၅ မိုင်တွင် ဖရဲသီးများ စွန့်ပစ်ရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မိုင်းယု (၁၀၅)မိုင်တွင် တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲသီးတင်ကားများ လမ်းတွင် အချိန်ကြန့်ကြာနေသဖြင့် ဖရဲသီးများ စွန့်ပစ်လိုက်ရကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ ဘက်မှ တက်လာသည့် ဖရဲသီးတင်ဆောင်လာသည့် ကားများသည် တရုတ်နိုင်ငံသို့ ပို့ဆောင်ရန်အတွက် စစ်ဆေးမှုကြန့်ကြာနေသဖြင့် ဖရဲသီးများပုပ်သိုးကာ စွန့်ပစ်လိုက်ရတာဖြစ်ကြောင်း ကုန်တင်ကားဆရာတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တရုတ်ထဲကို ပို့ဖို့က ခက်လာတယ်။ စောင့်တဲ့အချိန်ကြာတော့ ပုပ်သိုးလာတာ။ တချို့က အသီးမလှတော့ဘဲ ပျက်စီးသွားလို့ စွန့်ပစ်ရတာလည်းရှိတယ်။ ဖရဲသီးတွေလည်း အများကြီး စွန့်ပစ်လိုက်ရတယ်” ဟု ကုန်တင်ကားဆရာ တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံအတွင်းသို့ ဖရဲသီးများပို့ဆောင်ရန်အတွက် သွင်းကုန်/ထုတ်ကုန် အေးဂျင့်များ နည်းပါးလာသောကြောင့် တင်ပို့ရန်အတွက် ခက်ခဲမှုများစွာရှိလာကြောင်း သိရသည်။

ထို့အပြင် နိုင်ငံရေးအခြေနေနှင့် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကုန်များကို လက်ခံတင်သွင်းရန်အတွက် တရုတ်နိုင်ငံဘက်မှ လက်ခံမှု နည်းပါးလာသောကြောင့် ဖရဲသီးကုန်သည်များ ခက်ခဲမှုနှင့်ရင်ဆိုင်နေရကြောင်း ဖရဲသီးကုန်သည်များက ပြောသည်။

“အရင်ကဆိုရင် အေးဂျင့်တွေနဲ့ အခွန်ဆောင် တိုက်ရိုက် ချိတ်ပြီး ပို့လိုက်လို့ရတယ်။ အခုက အဲလိုမဟုတ်တော့ဘူး။ နိုင်ငံရေးအခြေအနေ၊ ကိုဗစ်တွေနဲ့ဆိုတော့ အခက်ခဲတွေများလာပြီး ကုန်တင်ပို့ဖို့ အဆင့်ဆင့်ရှိလာတာကြောင့် အခက်ခဲတွေ အများကြီးရှိလာတယ်။ တရုတ်နိုင်ငံဘက်လည်း ကုန်တင်သွင်းဖို့ကို သိပ်ပြီး လက်မခံတော့ဘူး” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နိုင်ငံရေးအခြေနေနှင့် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ဖရဲသီးကုန်သည်များသည် ယခုနှစ်တွင် အရှုံးများစွာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...