ဗထူးတပ်မှ စစ်သားများ လမ်းသွားလမ်းလာများကို တားဆီး ရိုက်နှက်စစ်ဆေး

ဗထူးတပ်မှ စစ်သားများ လမ်းသွားလမ်းလာများကို တားဆီး ရိုက်နှက်စစ်ဆေး

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ဗထူးတပ်ရှိ တပ်သားများသည် လမ်းသွားလမ်းလာ ပြည်သူများကို တားဆီးပြီး စစ်ဆေးမှုများပြုရာတွင် ရိုက်နှက်မှုများပါရှိနေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၆ နာရီခွဲဝန်းကျင်အချိန်တွင် အပြင်ထွက်လာသည့် လူငယ်နှစ်ဦးကို ဗထူးတပ်မှ တပ်သားတို့က တားဆီးစစ်ဆေးပြီး ရိုက်နှက်ခြင်းလည်း ရှိခဲ့ကြောင်း သိရသည်။

“ည ၇ နာရီတောင် မထိုးသေးဘူး၊ အပြင်ထွက်လာတဲ့ ပြည်သူတွေကို တားပြီးစစ်တယ်၊ အများစုကတော့ လူငယ် တွေကို တားပြီးစစ်တာ။ အပြင်ထွက်လာတာ တချို့က ဖုန်းမပါလာလို့ ပါးရိုက်ခံရတာရှိတယ်၊ ကျနော့်ရှေ့က ဖြတ် သွားတဲ့ လူငယ်စုံတွဲနှစ်ဦးက တုတ်နဲ့ သုံးချက်လောက်အရိုက်ခံရတယ်” ဟု မျက်မြင်တွေ့ရသည့် အသက် ၂၀ ကျော်ရှိ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မည်သည့်ထုတ်ပြန်ချက်မှမရှိပဲ ဗထူးတပ်ရှေ့မှ ဖြတ်သန်းသွားလာသည့် ပြည်သူများကို တားဆီးစစ်ဆေးသည့်အပြင် ရိုက်နှက်မှုလည်း ပါရှိသည့်အတွက် မတရားလုပ်ရပ်ဖြစ်ကြောင်း ပြည်သူများ ပြောဆိုကြသည်။

စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူများ အကြောင်းမဲ့ ပစ်သတ်ခံရခြင်း၊ ဖမ်းဆီးခံ ရခြင်း၊ အကြောင်းမဲ့ ရိုက်နှက်ခံရခြင်းများလည်း ရှိနေသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...