တိုက်ပွဲဖြစ်ပွားပြီးနောက် ကွတ်ခိုင်မြို့နယ် စာသင်ကျောင်းများပြန်ပိတ်

တိုက်ပွဲဖြစ်ပွားပြီးနောက် ကွတ်ခိုင်မြို့နယ် စာသင်ကျောင်းများပြန်ပိတ်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် ယမန်နေ့ (ဒီဇင်ဘာ ၂၀)ရက်တွင် စာသင်ကျောင်းများကို ပြန်ပိတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း၊ အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ နှင့် ၁၉ ရက်နေ့တို့တွင် တိုက်ပွဲ ပြင်းထန်လာမှုကြောင့် ကွတ်ခိုင်မြို့နယ်ရှိ စာသင်ကျောင်းများအားလုံးကို ပြန်ပိတ်လိုက်တာဖြစ်ကြောင်း သိရသည်။

“ဒီ‌နေ့တော့ ကျောင်းတွေ အကုန်ပြန်ပိတ်လိုက်ပြီ။ တိုက်ပွဲကြောင့် ပိတ်လိုက်တာ။ ဒီနေ့မှ စပိတ်တာ။ မနေ့က တိုက်ပွဲဖြစ်တော့ စိုးရိမ်လို့ပြန်ပိတ်တာ” ဟု ကွတ်ခိုင်မြို့ မှ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ကျောင်းဖွင့်ချိန်တွင်လည်း Non CDM ဆရာမများက ကျောင်းသားများနှင့်အတူ ကြားဝင်ပြီး လိုက်ပြန်သွားလေ့ ရှိကြောင်း သိရသည်။

“တချို့ ဆရာမတွေဆိုရင် ကျောင်းဆင်းရင် ကျောင်းသားတွေနဲ့အတူ ကြားထဲကနေ အိမ်ပြန်ကြတာ။ ပြီးတော့ သူတို့တွေလည်း စာသင်ရတာ စိတ်မဖြောင့်ဘူးတဲ့။ လန့်ပြီးစာသင်နေကြရတာတဲ့” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီဝန်းကျင်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုကြောင့် တိုးဂိတ် ဝန်ထမ်း (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...