UNFC ခေါင်းဆောင်သစ် ရွေးချယ်

UNFC ခေါင်းဆောင်သစ် ရွေးချယ်
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ ခေါင်းဆောင်မှု အသစ်ကို ဖွန်လ ၂၆ ရက်နေ့က အသစ် ပြန်လည် ရွေးချယ်ခဲ့ကြသည်။

ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် ဇွန်လ ၂၀ မှစ၍ကျင်းပခဲ့သည့် တိုုင်းရင်းသား လက်နက်ကိုုင် တော် လှန်ရေး တပ်ပေါင်းစုုအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ၏ ဒုုတိယအကြိမ် ညီလာခံတွင် လက်ရှိ နိုုင်ငံရေး စစ်ရေး အခြေအနေများနှင့် ငြိမ်းချမ်းရေး အခြေအနေများကိုု ဆွေးနွေးသုံုးသပ်ခဲ့ကြပြီးနောက် ရှေ့လုုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည်ဖော်နိုုင်ရန် ခေါင်းဆောင်သစ်များ ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

UNFC ဥက္ကဌ အဖြစ် မွန်ပြည်သစ်ပါတီ NMSP မှ နိုုင်ဟံသာ၊ ဒုုဥက္ကဌ အဖြစ် ရခိုုင်အမျိုးသား ကောင်စီ ANC မှ ဒေါက်တာ ခင်မောင်၊ အထွေထွေအတွင်းရေးမှူး အဖြစ် ကရင်နီ အမျိုးသား တိုုးတက်ရေးပါတီ KNPP မှ ခူးဦးရယ်၊ တွဲဘက် အထွေထွေအတွင်းရေးမှူး ၁ အဖြစ် ရှမ်းပြည် တိုုးတက်ရေးပါတီ SSPP မှ ဗိုုလ်မှူးကြီး စေအွန် ၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ၂ အဖြစ် လားဟူဒီမိုုကရက်တစ်အစည်းအရုံုး LDU မှ ဗိုုလ်မှူးကြီး ဆော်လမွန် တိုု့ကိုုရွေးချယ်ခဲ့ကြသည်။

ဗဟိုုအလုုပ်အမှုဆောင် ကော်မတီဝင်များအဖြစ် ဗိုုလ်ချူပ် ဘီထူး၊ နိုုင်အောင်မငေး၊ ဦးထွန်းဇော် နှင့် ဗုုိလ်မှူးကြီး မင်းထွန်း တိုု့ကိုု ရွေးချယ်ခဲ့ကြသည်။

ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ကိုု ယခင်က ကောင်စီဝင် ၂၃ ဦး၊ ဗဟိုုအလုုပ်အမှုဆောင်ကော်မတီ ၁၂ ဦး ဖြင့် ဖွဲ့စည်းထားခဲ့ရာမှ ယခုု ညီလာခံတွင် ကောင်စီဝင် ၁၅ ဦး၊ ဗဟိုုအလုုပ်အမှုဆောင်ကော်မတီဝင် ၉ ဦး ဖြင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

အဖွဲ့ဝင်သစ်လျှောက်ထားကြသည့် ချင်းအမျိုးသားတပ်ဦး CNF နှင့် ကချင်အမျိုးသားအစည်းအရုံုး KNO အဖွဲ့တိုု့အား UNFC ၏ ဖွဲ့စည်းပုံု အခြေခံဥပဒေအတိုုင်း ဆက်လက်ဆောင်ရွက်သွားကြရန် ဤညီလာခံမှ ဆုံုးဖြတ်ခဲ့ကြသည်။

ပထမပိုုင်းကျင်းပခဲ့သည့် ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုုတိယအကြိမ် ညီလာခံတွင် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF၊ မြန်မာအမျိုးသား ဒီမိုုကရေစီ မဟာမိတ် တပ်မတော် MNDAA ကိုုးကန့် အဖွဲ့၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ ၄ ဖွဲ့ကိုု နုုတ်ထွက်ခွင့်ပြုခဲ့သည်။

ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ကိုု ၂၀၁၀ ခုုနှစ် နိုုဝင်ဘာလ တွင် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ ၁၂ ဖွဲ့ဖြင့် ထိုုင်းနိုုင်ငံ ချင်းမုုိင်မြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုုးတက်ရေးပါတီ KNPP၊ ရှမ်းပြည်တိုုးတက်ရေးပါတီ SSPP၊ ရခိုုင်အမျိုးသားကောင်စီ ANC နှင့် လားဟူဒီမိုုကရက်တစ် အစည်းရုံုး LDU အဖွဲ့ ၅ ဖွဲ့ ပါ၀င်သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...