လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော်တို့ တိုက်ပွဲပြင်းထန်နေ

လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော်တို့ တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပူကျေးရွာအုပ်စု နောင်ခွန်ကျေးရွာအနီး ဒီဇင်ဘာ ၁၆ ရက် မနက် ၉ နာရီခွဲတွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA)တို့ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်လေယာဉ် ၂ စီး ရောက်ရှိနေကြောင်း သိရသည်။

“တိုက်ပွဲကတော့ ပြင်းတယ်။ စစ်ကောင်စီဘက်ကနေတော့ လေယာဉ် ၂ စီးလောက် လိုက်ပါသွားပြီ။ နောင်ခွန်ကျေးရွာရဲ့ တောင်တန်းဘက်တွေမှာ တိုက်ပွဲဖြစ်နေကြတာ။ ဒီနေ့ မနက် ၉ ခွဲကနေ စပြီး ပစ်နေကြတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် တိုက်ပွဲကြောင့် လမ်းများပိတ်ထားပြီး ကျောင်းများကိုလည်း ပိတ်ထားကြောင်း သိရသည်။

“လမ်းလည်း ပိတ်ထားတယ်။ အကုန်ပိတ်ထားတယ်။ သွားလာလို့မရဘူး။ ကျောင်းတွေလည်း ပိတ်ထားတယ်။ ကလေးတွေလည်း ကျောင်းမသွားရဘူး။ နောင်မွန်၊ ခေးနင်းတို့ဘက်လည်း သွားလာလို့မရသေးဘူး” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

လက်ရှိတွင် တိုက်ပွဲကြောင့် ဒေသခံပြည်သူများ စစ်ဘေးရှောင်နေရခြင်း မရှိသေးကြောင်း၊ နမ့်ပူကျေးရွာအုပ်စုထဲတွင် ယခု တိုက်ပွဲသည် ပထမဆုံးဖြစ်သည့် တိုက်ပွဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာာ ၁ ရက်နေ့တွင်လည်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာတွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် MNDAA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...