သီပေါမြို့နယ်အတွင်း တိုက်ပွဲကြောင့် ပျက်စီးသွားသည့်နေအိမ်များ ပြုပြင်ရန် အကူအညီလိုအပ်

သီပေါမြို့နယ်အတွင်း တိုက်ပွဲကြောင့် ပျက်စီးသွားသည့်နေအိမ်များ ပြုပြင်ရန် အကူအညီလိုအပ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် ထိခိုက် ပျက်စီးသွားသည့် အရပ်သားနေအိမ်များ ပြန်လည် ပြုပြင်မွမ်းမံရန် အကူညီလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

လက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် ဒေသခံ၏ ဂို‌ဒေါင် အပါအဝင် နေအိမ် (၉)အိမ် လက်နက်ကျည်စ ထိမှန်ကာ ပျက်စီးသွားသဖြင့် လက်ရှိမှာ ပြန်လည်ပြုပြင်ရန်အတွက် အခက်ခဲဖြစ်နေပြီး အကူညီလိုအပ်နေကြောင်း ချောင်းဆုံဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

“ကျနော်တို့ စစ်ဘေးဒဏ်တွေ အချိန်ကြာမြင့်စွာ ခံစားနေရလို့ တချို့အိမ်တွေလည်း လက်နက်ကြီးဒဏ်ကြောင့် ထိခိုက်ထားတာတွေရှိတယ်။ အဲ့ဒါတွေလဲ ပြန်လည် ပြုပြင်ဖို့ အကူညီတွေ လိုအပ်နေတယ်။ အဲ့ (၉)အိမ်ထဲက တစ်အိမ်ဆို အကုန်လုံး ထိခိုက်ပျက်စီးသွားတယ်” ဟု ချောင်းဆုံ ဒေသခံ တစ်ဦးက ပြောသည်။

မတ်လဆန်းပိုင်းကတည်းက ချောင်းဆုံကျေးရွာ ဒေသခံများသည် စစ်ဘေးတိမ်းရှောင်နေရပြီး လက်ရှိချိန်ထိ ကျေးရွာသို့ မပြန်နိုင်သေးပဲ ဟတ်လျန်ကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ကျနော်တို့ နေအိမ်တွေ ရွာအတွင်းမှာတော့ သန့်ရှင်းရေး ပြန်လုပ်တာတွေရှိတယ်။ သန့်ရှင်းရေး ပြန်လုပ်ရင်လည်း သတိထားပြီး လုပ်နေရတယ်။ မိုင်းတွေ သွားနင်းမိမှာ ကြောက်ရတယ်။အဲ့ဒါတွေကို စိတ်ချရမှ ပြန်လို့ရမယ်” ဟု ချောင်းဆုံဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ချောင်းဆုံကျေးရွာသည် အိမ်ခြေ (၁၃)အိမ်ရှိပြီး လူဦးရေ (၄၀)ကျော် ရှိကာ လက်ရှိ ဟတ်လျန်ကျေးရွာမှာ နေထိုင်ပြီး ကျေးရွာအတွင်း ပြန်လည် ပြုပြင်မွမ်းမံဖို့အတွက် ငွေကြေး အကူအညီ များစွာလိုအပ်နေကြောင်း သိရှိရသည်။

လက်ရှိ ပြန်လည်ထူထောင်ရေးကာလမှာ စားနပ်ရိက္ခာများ၊ အနွေးထည်များ၊ ဆေးဝါးများကို ထောက်ပံ့ပေးရန်အတွက်လည်း တောင်းဆိုထားကြောင်း သိရှိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...