နမ့်လန်မြို့မစျေး (၁၅)ရက်အတွင်း ဆိုင်ကယ်(၃)စီးပျောက်

နမ့်လန်မြို့မစျေး (၁၅)ရက်အတွင်း ဆိုင်ကယ်(၃)စီးပျောက်

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့မဈေးမှာ (၁၅) ရက် အတွင်း ဆိုင်ကယ် (၃) စီးပျောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ကိုဗစ်-၁၉ ကြောင့် နမ့်လန်မြို့မဈေးကို (၅) လ ဝန်းကျင် ပိတ်ထားရပြီး ဒီဇင်ဘာ (၁) ရက်နေ့မှ ပြန်လည်ဖွင့်ကာ ယနေ့ချိန်ထိ ဆိုင်ကယ် (၃) စီး ပျောက်သွားကြောင်း စုံစမ်းသိရှိရသည်။

“ဈေးပြန်ဖွင့်တဲ့နေ့မှာပဲ တစ်စီးပျောက်တယ်။ကျနော်တို့ ဈေးအခွန်ကောက်တဲ့သူတွေဆီ (ဆိုင်ကယ်ရပ်နားခ) တစ်စီးကျပ် (၂၀၀) ပေးပြီး အပ်ထားရတယ်။ ဘယ်လိုလုပ်ပျောက်သွားလဲ မသိဘူး။ ကျနော်တို့ ဆိုင်ကယ်ရဲ့ တန်ဖိုးက (၈) သိန်းလောက်ရှိတယ်။ကျနော်တို့ကို နှစ်သိန်းခွဲပဲပေးတယ်။ ၄ သိန်းလောက် ပြန်လျော်ပေးခိုင်းတာ မပေးဘူး။ အဲ့ဒါနဲ့ ဆိုင်ကယ်အဟောင်း တစ်စီး ကို ကျနော်တို့ကို ပြန်ဝယ်ပေးလိုက်တယ်” ဟု နမ့်လန်ဒေသခံ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဈေးပြန်ဖွင့်သည့် (၁၅) ရက်အတွင်း မြို့မဈေးရှိ ဈေးသည်များ ဆိုင်ကယ်ရပ်နားခ ပေးရသည့် နေရာမှာ သွားအပ်သည့် ဆိုင်ကယ် (၂) စီး နှင့် ဈေးဝယ်လာသည့် ပြည်သူ တစ်ဦး၏ ဆိုင်ကယ် တစ်စီး စုစုပေါင်း (၃) စီး ပျောက်သွားကြောင်း သိရှိရသည်။

“ပျောက်တဲ့ (၃) စီးထဲမှာ (၁) စီးက ဆိုင်ကယ်ရပ်နားခ ပေးရတဲ့ နေရာမှာ မရပ်ထားဘူးလို့ကြားတယ်။ သူ ဈေးထဲ ပစည်းခနဝင်ဝယ်ရင်း ပြန်ထွက်လာတော့ ပျောက်သွားတယ်” ဟု နမ့်လန်ဒေသခံ အမျိုးသား တစ်ဦး ကပြောသည်။

ဒီဇင်ဘာ (၁) ရက် နှင့် ဒီဇင်ဘာ (၁၄) ရက်မှာ ဆိုင်ကယ်ရပ်နားခ ပေးရသည့် နေရာမှာ (၂) စီး ပျောက်သွားပြီး ရပ်နားခပေးရသည့် နေရာမဟုတ်ဘဲ သင့်လျော်သည့် နေရာမှာ ထားသည့် ဆိုင်ကယ် တစ်စီး ပျောက်သွားခဲ့ကြောင်း သိရှိရသည်။

နိုင်ငံရေး ၊ စီးပွားရေး ခက်ခဲနေချိန် ကာလမှာ နမ့်လန်မြို့ပေါ် ရပ်ကွက်တွင်းမှာလည်း သူခိုးများရှိပြီး နေအိမ်မှာ ဝင်ခိုးသည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရှိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...