မိုင်းလားတွင် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ (FPNCC) တွေ့ဆုံ

မိုင်းလားတွင် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ (FPNCC) တွေ့ဆုံ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းလားမြို့မှာ ဒီဇင်ဘာ (၁၅)ရက်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ (FPNCC)နှင့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထိုတွေ့ဆုံဆွေးနွေးမှုသည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ (၇)ဖွဲ့ထဲက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ တက်ရောက်မှုမရှိကြောင်း စုံစမ်းသိရှိရသည်။

“အစည်းဝေးရှိတယ်ဆိုတာကတော့ ကြားပါတယ်။ ဒါပေမယ့် ကျနော်တို့ KIO ကိုယ်စားလှယ်တော့ မတက်ပါဘူးခင်ဗျာ။ ဗဟိုကော်မတီက ဆုံးဖြတ်ချက်နဲ့ မတက်တာလား၊ မဖိတ်ကြားလို့လား မတက်သင့်လို့ မတက်တာလား အဲ့ဒါကတော့ ကျနော်လည်း ဖြေကြားလို့မရပါဘူး” ဟု KIA/KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ဆွေးနွေးပွဲသည် မည်သည့် အကြောင်းနှင့် ပတ်သက်ပြီး ဆွေးနွေးသည်ကို မသိရှိရကြောင်း (SSPP) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ဆက်ဆံရေးရုံးတာဝန်ခံသွားတယ်။ ဘာတွေ ဆွေးနွေးလဲတော့ အစည်းအဝေး အသေးစိတ်ကို မသိရဘူး။ ကျနော်တို့ဘက်ကတော့ ဘာမှ ထုတ်ပြန်စရာမရှိဘူး။ ဒီနေ့ ဆွေးနွေးမယ်လို့ပဲကြားရတယ်” ဟု ဗိုလ်မှူး စိုင်းဖုန်းဟန် က ပြောသည်။

TNLA တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော်၏ သတင်းနှင့်ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော် ကလည်း အစည်းအဝေးနှင့် ပတ်သက်ပြီး မသိရှိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အစည်းဝေးရှိတယ် မရှိဘူးဆိုတာ မသိရသေးဘူး။ အထက်လူကြီးက ဘာမှ ပြောကြားလာတာမရှိသေးဘူး၊ မသိရသေးပါဘူး” ဟု မိုင်းအိုက်ကျော် က ပြောသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ (FPNCC) သည် NCA လက်မှတ်မရေးထိုးသည့် အဖွဲ့ဖြစ်များဖြစ်ကြသော “ဝ” ပြည် သွေးစည်းညီညွတ်ရေး တိုးတက်ရေးပါတီ (UWSA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရခိုင်တပ်မတော် (AA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကိုးကန့်တပ်ဖွဲ့(MNDAA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)နှင့် မိုင်းလားတပ်ဖွဲ့ (NDAA)တို့ ဖြစ်ကြကြောင်း သိရှိရသည်။

ယနေ့ ဒီဇင်ဘာ (၁၅)ရက်မှာ စစ်ကောင်စီသည် တစ်ဖက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (FPNCC)နှင့် တွေ့ဆုံဆွေးနွေးကြသော်လည်း KNU ထိန်းချုပ်ရာနယ်မြေ မြဝတီမြို့၏ တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရှိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...