မိုးညှင်းမြို့ Stay at Homeအစီ အစဉ်ပယ် ဖျက်ပြီးနောက် အခြေခံပညာစာသင်ကျောင်းများ ပြန်ဖွင့်

မိုးညှင်းမြို့ Stay at Homeအစီ အစဉ်ပယ် ဖျက်ပြီးနောက် အခြေခံပညာစာသင်ကျောင်းများ ပြန်ဖွင့်

မိုးညှင်းမြို့ကို ဒီဇင်ဘာလ (၁၁) ရက်နေ့ကစပြီး Stay at Home အစီအစဉ်ကနေ ပယ်ဖျက်ပြီးနောက် အခြေခံပညာကျောင်းတချို့ ပြန်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

မိုးညှင်းမြို့ ၊ ဟိုပင် ၊ အင်းတော်ကြီးဒေသက ကျောင်းတချို့က ဒီဇင်ဘာ ၁၃ ရက်နေ့စတင်ပြီး ကျောင်းဖွင့်လှစ်ဖို့အတွက် ပြင်ဆင်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ကိုဗစ် 19 ဒုတိယလှိုင်းကတည်းက စာသင်ကျောင်းအားလုံးပိတ်ထားခဲ့ရပြီး အာဏာသိမ်းပြီးပြန်ဖွင့်တဲ့အချိန်မှာလည်း ကျောင်းအများစု ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဇူလိုင်လတုန်းက မိုးညှင်းမြို့နယ်က ကျောင်းတချို့ ဖွင့်လှစ်ခဲ့ပေမယ့်လည်း ကျောင်းအပ်တဲ့ ကျောင်းသူ/သားဦးရေ အလွန်နည်းပါးခဲ့ပါတယ်။

မိုးညှင်းမြို့နယ်အတွင်းမှာ  ကျောင်းအုပ်များ ၊ ဆရာ/မများ နှင့် ပညာရေးရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၉၃၇) ဦးကို မေလက တာဝန်မှရပ်ဆိုင်းထားခဲ့ပါတယ်။

တာဝန်မှ ထုတ်ပယ်ခံလိုက်ရတဲ့ သူတွေရဲ့နေရာမှာ အစားထိုးဝင်ရောက်ဖို့အတွက် မိုးညှင်းမြို့နယ်မှာ ဆရာ/မ ငါးရာကျော် ဝင်ခွင့်ဖြေဆိုခဲ့တယ်လို့ သိရပါတယ်။

မိုးညှင်းမြို့နယ်အတွင်းမှာ ၂၀၁၉-၂၀ ခုနှစ် စာရင်းအရ ကျောင်းသား/သူဦးရေ စုစုပေါင်း လေးသောင်းငါးထောင်ကျော်ရှိကြောင်း သိရပါတယ်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...