မြောက်ပိုင်းအဖွဲ့များနှင့်တွေ့ဆုံရန် အစိုးရ ညှိနှိုင်းဆဲ

မြောက်ပိုင်းအဖွဲ့များနှင့်တွေ့ဆုံရန် အစိုးရ ညှိနှိုင်းဆဲ
by -
မဇ္ဈိမ
​မြောက်​ပိုင်​းလက်​နက်​ကိုင်​အဖွဲ့​တွေဖြစ်​တဲ့ UWSA, KIA, AA, TNLA, MNDAA, NDAA, SSPP/SSA တို့ဟာ ​၂၁ရာစု ပင်​လုံညီလာခံတက်​ရန်​ ​မေ ၂၃ရက်​​က ​နေပြည်​​တော်​သို့ လာရောက်စဉ်။ ဓာတ်​ပုံ -U Zaw Htay facebook)
​မြောက်​ပိုင်​းလက်​နက်​ကိုင်​အဖွဲ့​တွေဖြစ်​တဲ့ UWSA, KIA, AA, TNLA, MNDAA, NDAA, SSPP/SSA တို့ဟာ ​၂၁ရာစု ပင်​လုံညီလာခံတက်​ရန်​ ​မေ ၂၃ရက်​​က ​နေပြည်​​တော်​သို့ လာရောက်စဉ်။ ဓာတ်​ပုံ -U Zaw Htay facebook)
 မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် အစိုးရဘက်က ညှိနှိုင်းဆဲအနေအထားသာ ရှိနေသေးသည်ဟု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

"အစီအစဉ်ဘာမှမရှိသေးဘူး၊ အခုအချိန်ထိ ညှိနှိုင်းနေဆဲပဲ" ဟု ဦးအောင်စိုးက ဆိုသည်။

ယနေ့ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရင်ကြားစေ့ရေး(NRPC) ရုံးတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးကော်မရှင်၏ လစဉ်ပုံမှန်အစည်းအဝေးအပြီးတွင် ဦးအောင်စိုးက အထက်ပါအတိုင်းဖြေဆိုလိုက်ခြင်းဖြစ်သည်။

အစိုးရအဖွဲ့အနေဖြင့် မြောက်ပိုင်းအဖွဲ့များကို တွေ့ဆုံရန် ညှိနှိုင်းဆောင်ရွက်နေမှုများ ပြုလုပ်နေသော်လည်း အသေးစိတ်အခြေအနေကို ပြောပြနိုင်သေးခြင်းမရှိကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဇော်ဌေးမှ မဇ္ဈိမသို့ ဇွန်လ ၁၉ ရက်နေ့တွင် ပြောဆိုထားသည်။

မြောက်ပိုင်းအဖွဲ့များက ၎င်းတို့ ဖွဲ့စည်းထားသည့် “ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ’’ အနေဖြင့် တွေ့ဆုံနိုင်မှသာ ဆွေးနွေးမည် ဖြစ်သည်ဟု တရုတ်အထူးသံကိုယ်စားလှယ်ထံ အကြောင်းကြားထားပြီး ဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်လပ်ရေးတပ်ဦး(PSLF/TNLA) အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောဆိုထားသည်။

ဝအဖွဲ့ (UWSA) ဦးဆောင်ပြီး ပလောင်အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ မိုင်းလားအဖွဲ့(NDAA)၊ ကချင်အဖွဲ့( KIO)၊ ရှမ်းအဖွဲ့(SSPP) စသည့် မြောက်ပိုင်းအဖွဲ့များသည် ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်တွင် "ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ" FPNCC ကိုဖွဲ့စည်းခဲ့သည်။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...