တောင်ကြီးမြို့ရှိ ဆိုင်ခန်းတစ်ခုကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း လူငယ် ၂၀ နီးပါးဖမ်းဆီးခံရ

တောင်ကြီးမြို့ရှိ ဆိုင်ခန်းတစ်ခုကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း လူငယ် ၂၀ နီးပါးဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံအနီးရှိ ဆိုင်ခန်းတစ်ခုကို စစ်ကောင်စီတို့မှ အင်အားအများအပြားဖြင့် ဝင်ရောက်စီးနှင်းခဲ့ပြီး လူငယ် ၂၀ နီးပါး ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ ၉ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံအနီး ညောင်ဖြူ စခန်းရပ်ကွက်ရှိ ဆိုင်ခန်းတစ်ခုကို အင်အား ၃၀ နီးပါးရှိ စစ်ကောင်စီ တပ်သားတို့ လာရောက်စီးနှင်းခဲ့ပြီး လူငယ် ၂၀နီးပါး ဖမ်းဆီးခံရကြောင်း မျက်မြင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားက ၆ စီး၊ ၇ စီးလောက်ရှိတယ်၊ သေနတ်တွေကိုင်ထားတဲ့ စစ်သားရော ရဲရော အင်အားက ၃၀ နီးပါးလောက် ရှိတယ်၊ အိမ်နဲ့ တွဲပြီးဖွင့်ထားတဲ့ ဆိုင်ခန်းကို ဝင်စီးတာပေါ့၊ ဂိမ်းဆိုင်လို့ ပြောပါတယ်၊ အဲ့ထဲက လူငယ် (အမျိုးသား) တွေ ၁၀ ယောက်ကျော် ၂၀ နီးပါး ဖမ်းသွားတာလည်း မြင်တယ်” ဟု အနီးရှိ မြင်တွေ့ရသူ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတို့ ဝင်ရောက်ဖမ်းဆီးသော ဆိုင်ခန်းသည် လူငယ်များ ဝင်ထွက်သွားလာလေ့ရှိပြီး မည်သည့် ဆိုင်ခန်းဖြစ်ကြောင်းကိုမူ ၎င်းက မသိရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘာဆိုင်လဲတော့မသိရဘူး၊ ဂိမ်းဆိုင်လို့လည်း ပြောကြတယ်၊ ကျနော်လည်း တခါမှ မသွားဖူးတော့ မပြောနိုင်ဘူး၊ အခုဖမ်းသွားတဲ့ လူငယ်တွေကလည်း ဘာကြောင့်ဖမ်းလဲဆိုတာ မသိရသေးဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် တောင်ကြီးမြို့တွင်း၌ လောင်းကစားဝိုင်းများနှင့် ဂိမ်းဆိုင်များကို ဒေသခံ အာဏာပိုင်များထံ ပိုက်ဆံပေးသွင်းပြီး ဖွင့်လှစ်မှုများလာကြောင်းလည်း တောင်ကြီးဒေသခံများက ပြောသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...