ပင်လုံ – ဟိုပုံး ကားလမ်းသစ်ဘေး ဘိန်းစိုက်ခင်းရှိနေ

ပင်လုံ – ဟိုပုံး ကားလမ်းသစ်ဘေး ဘိန်းစိုက်ခင်းရှိနေ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နှင့် ဟိုပုံးမြို့ကို ဆက်သွယ်ထားသည့် လမ်းကြောင်းအသစ် လမ်းမကြီးဘေးတွင် ဘိန်းစိုက်ခင်းများရှိနေကြောင်း စုံစမ်းသိရသည်။

ဘိန်းစိုက်ခင်းကို လမ်းမကြီး ဘေးတွင် စိုက်ပျိုးထားခြင်းကို တစ်ကြိမ်တစ်ခါမျှ မတွေ့ရှိဖူးကြောင်း၊ ထိုကဲ့သို့ တွင်ကျယ်စွာ စိုက်ပျိုးနေသည့်အပေါ် အံ့ဩမိကြောင်း ၎င်းလမ်းကြောင်းကို သွားခဲ့ဖူးသည့် အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပင်လုံက ပန်မုံကျောင်းဘက်ကနေသွားရင် ရောက်တယ်။ ၁၅ မိနစ်၊ ၂၀ မိနစ် လောက်တော့ မောင်းရတယ်။ အဲ့ဒါက ပင်လုံ – တောင်ကြီး လမ်းအသစ်။ ဟိုပုံးကို ထမ်းစမ်းဂူနားအထိရောက်တယ်။ လမ်းကတော့ကောင်းတယ်။ ဘေးမှာလည်း ပန်းခင်း၊ ဘိန်းခြံတွေလည်းရှိနေတာပေါ့” ဟု ထိုလမ်းသွားလာခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီ အစိုးရလက်ထက်တွင် လမ်းဘေးထိ ဘိန်းပင်စိုက်ပျိုးခြင်းသည် လွတ်လပ်စွာ စိုက်ပျိုးခွင့်ရသည့် သဘောဖြစ်နေကြောင်း၊ ယခင်တွင် ဘိန်းခင်းကို တောတောင် လမ်းပန်းဆက်သွယ်ရေး သွားလာခက်ခဲသည့်နေရာတွင်သာ စိုက်ပျိုးကြကြောင်းလည်း ဟိုပုံးမြို့ နေ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီတွေ တက်ပြီး အုပ်ချုပ်တော့ စီးပွားရေးတွေလည်း မကောင်းဘူး။ စားဝတ်နေရေးလည်း ခက်ခဲလာတယ်။ ဘိန်းတွေလည်း လွတ်လွတ်လပ်လပ် စိုက်ပျိုးခွင့်ရလာနိုင်တဲ့ အခြေနေရှိပါတယ်။” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

ထို ပင်လုံ – တောင်ကြီးလမ်းအသစ်ကို ယခု ၂၀၂၁ နှစ်လယ်ပိုင်းက စပြီး သွားလာသူ များပြားလာကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...