ချင်းပြည်နယ် တီးတိန်တွင် အိန္ဒိယကုမ္ပဏီက သတ္တုတူးဖော်မည့်အတွက် ဒေသခံများက ကန့်ကွက်လက်မှတ်ရေးထိုး

ချင်းပြည်နယ် တီးတိန်တွင် အိန္ဒိယကုမ္ပဏီက သတ္တုတူးဖော်မည့်အတွက် ဒေသခံများက ကန့်ကွက်လက်မှတ်ရေးထိုး
by -
မဇ္ဈိမ
 ချင်​းပြည်​နယ်​၊ တီးတိန်မြို့တွင် သတ္တုတူး​ဖော်​မည့်​ စီမံကိန်​းအတွက်​​ ဒေါ်လွန်ကျေးရွာအုပ်စုက မြေဧက ၁၇၀၀၀ ​ကျော်​ လုပ်​ကွက်​​လျောက်​ထား​သော အိန္ဒိယနိုင်​ငံသားပိုင်​ကုမ္ပဏီအား ​ဒေသခံများက ဇွန်လ ၂၄ရက်က ကန့်ကွက်လက်မှတ်ရေးထိုးခဲ့သည်။

ချင်​းပြည်​နယ်​၊ တီးတိနိမြို့နယ်​၊​ ဒေါ်လွန်​​ကျေးရွာအုပ်​စုတွင်​ ပြီးခဲ့သည့် ၂၀၁၇ခုနှစ်​၊ မတ်​လအတွင်​း အိန္ဒိယနိုင်ငံ​ကုမ္ပဏီတစ်​ခုဖြစ်​​သော Balasore Alloys Company မှ သတ္တုတူး​ဖော်​ရန်​စီမံကိန်​းအတွက်​ ​မြေဧက နှစ်​​သောင်​းနီးပါး ​လျောက်​ထားခဲ့သည်ဟု သိရသည်။

ယင်းမြေများသည် ဒေသခံ ဌာ​နေတိုင်​းရင်​းသားတို့၏ အဓိက အားကိုးအားထားရသည့်​ ဘိုးဘွားပိုင်​​မြေများဖြစ်​​နေသဖြင်​့ ​ကျေးရွာလူထုများ၏ အသက်​​မွေးဝမ်​း​ကြောင်​းအဖြစ် ​စိုက်​​ပျိုးလုပ်​ကိုင်​​နေရ​သော စိုက်​ပျိုး​မြေများ လက်​လွှတ်ဆုံးမခံနိုင်​​၍ အခုလိုလက်​မှတ်​ထိုးကန့်​ကွက်​ရခြင်​းဖြစ်​သည်​ ကန့်ကွက်သူများက ပြောသည်။

"ကျွန်​​တော်​သိရသ​လောက်​ဆိုရင်​ အနား​ပေးစနစ်​စိုက်​ပျိုး​မြေ​တွေ အကုန်​လုံးပါသွားရုံမကဘူး။ ​ရေအရင်​းအမြစ်​အတွက်​ ထိန်​းသိမ်​းထားတဲ့သစ​်​​တော​တွေလည်​း အကုန်​ပါတယ်​။ ဒါ​ကြောင်​့ကန်​့ကွက်​ရတာပါ" ဟု ​ဒေါ်လွန်​​ကျေးရွာ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးက​ပြောသည်။

"ဒီကိစ္စနှင်​့ ပတ်​သက်​ပြီး အနီးကပ်​​ဒေသခံ​ကျေးရွာလူထုအားလုံးရဲ့ လက်​မှတ်​​တွေစုစည်​းပြီးမှ လွှတ်​​တော်​မှအစ သမ္မတရုံးအထိ​ပေးပို့သွားဖို့ရှိတယ်​" ဟု ဒေသခံအမျိုးသမီးတစ်​ဦးက​​ပြောသည်။

"ကုမ္ပဏီ​တွေက​တော့ ပြီးခဲ့တဲ့မတ်​လ၂၀ ဝန်​းကျင်​မှာ လာ​ရောက်​ပြီး သတ္တုတူး​ဖော်​ဖို့အတွက်​ ​နေပြည်​​တော်​နှင်​့ပြည်​နယ်​အစိုးရမှ ခွင်​့ပြုပြီးဖြစ်​သဖြင်​့ ​​ဒေသခံများ၏ သ​ဘောတူလက်​မှတ်​ပဲလို​တော့တယ်။​ ဒါ​ကြောင်​့ ​ထောက်​ခံလက်​မှတ်​​ရေးထိုး​ပေးဖို့ လာရခြင်​းဖြစ်​တယ်​လို့ ​ပြောပါတယ်​" ဟု​ ဒေသခံ​ ဇိုဇန်​​ကျေးရွာအုပ်​ချုပ်​​ရေးအဖွဲ့ဝင်​တစ်​ဦးက​ပြောသည်။

ယင်းကိစ္စနှင့် ပတ်​သက်​ပြီး Balasore Alloys Company Limited ၏ Senior Vice President Mr. Balendra Kumar Nath ​နှင့် တီးတိန်​မြို့နယ်​ အုပ်​ချုပ်​​ရေးမှူးနှင်​့ ပြည်​နယ်​အစိုးရအား တယ်​လီဖုန်​းဖြင်​့ ဆက်​သွယ်​မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

​ဒေါ်လွင်​​ကျေးရွာအုပ်​စုအုပ်​ချုပ်​​ရေးမှူး ဦးတွာလ်​ခန်​့စိန်​ကတော့ "မတ်​လ ၁၆ ၂၀၁၇ ​နေ့ ကုမ္ပဏီ​လူ​တွေလာတုန်​းက ခွင်​့ပြုလက်​မှတ်​ရပြီးပြီလို့​ပြောတယ်​။ ကျွန်​​တော်​တို့က ပြည်​နယ်​အစိုးရနှင်​့ သစ်​​တောဝန်​ကြီးတို့ကိုသွား​မေး​တော့ ပြည်​နယ်​အစိုးရက​သော်လည်းကောင်း၊ ပြည်​နယ်​သစ်​​တောဝန်​ကြီး​က​သော်​လည်းကောင်း ဘာမှမသိရှိရ​ကြောင်​း​ပြောတယ်​" ဟု ပြန်လည်ရှင်းပြသည်။

၎င်းက ဆက်လက်၍ပြောပြသည်မှာ ဒေသအာဏာပိုင်အချို့က ဒေသခံရွာသားများအနေဖြင့် ယင်းကုမ္ပဏီကို ထောက်ခံရန် ခြိမ်းခြောက်မှုများလည်း ရှိသည်ဟု ဆိုသည်။

"ကျွန်​​တော်​တို့​ကျေးရွာအုပ်​စု(၁၀)ရွာက အုပ်​ချုပ်​​ရေးမှူး​တွေ အစည်​းအ​ဝေးပြုလုပ်​ပြီး သ​ဘောထားနှင်​့ ကန်​့ကွက်​စာကိုလည်​း ဇွန်​လ (၁)ရက်​ ၂၀၁၇မှာ မြို့နယ်​​ထွေအုပ်​ရုံးသို့ ​ပေးပို့ခဲ့ပါတယ်​" ဟု ဦးတွာလ်​ခန်​့စိန်​က ပြောသည်။

ချင်​းပြည်​နယ်​၊ တီးတိန်​မြို့နယ်​၊​ ဒေါ်လွန်​​ကျေးရွာအုပ်​စုသည်​ ​ကျေးရွာ(၁၀)ရွာဖြင့်​့ ဖွဲ့စည်​းထားပြီး အိမ်​​ခြေ ၈၀၀ ခန်​့ရှိသည်​။​​ ရွာသားအများစုသည် ​ရွေ့​ေ​ပြာင်​း​တောင်​ယာစိုက်​ပျိုး​ရေးဖြင့်​ အသက်​​မွေးဝမ်​း​ကျောင်း​​ပြုလျက်ရှိကြသည်။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...