ကွတ်ခိုင်မြို့နယ်အတွင်း တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွား

ကွတ်ခိုင်မြို့နယ်အတွင်း တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွား

သျှမ်းပြည် မြောက်ပိုင်း လားရှိုးခရိုင် ကွတ်ခိုင်မြို့နယ်အတွင်းတွင် ယနေ့ (ဒီဇင်ဘာ ၈)ရက် မနက် ၂ နာရီ ဝန်းကျင်တွင် တစ်နာရီ နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

“ဒီနေ့ပေါ့ မိုးမလင်းသေးတဲ့အချိန် ကျနော်တို့ရွာ ( နမ့်ပါချီးကျေးရွာ)နား ပစ်ခတ်သံတွေကြားရတယ်၊ စစကြားတုန်းက သေနတ်သံတွေပဲ၊ နောက်တော့ လက်နက်ကြီး လက်နက်ငယ်သံတွေ ထပ်ကြားခဲ့ရတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် မည်သည့်အဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်နေခြင်းကို ဒေသခံများအနေဖြင့် မသိရသေးကြောင်းလည်း ၎င်းက ပြောသည်။

“ပစ်တာကတော့ နှစ်ဖက် ပစ်ခတ်တဲ့ အသံတွေပါပဲ၊ ဒါပေမဲ့ ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ ပစ်လဲဆိုတာတော့ ကျနော်တို့ မသိရသေးဘူး၊ တချို့ကလည်း စစ်ကောင်စီနဲ့ KIA တွေလို့ ပြောကြတယ်၊ သူတို့ ပစ်တာက မနက် ၂ နာရီကျော်ကနေ ၃ နာရီနားအထိ ပစ်ကြတာ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း ယမန်နေ့ (ဒီဇင်ဘာလ ၇ ရက်) ညနေ ၆ နာရီခွဲကျော်အချိန်ကလည်း သိန္နီမြို့နယ်ရှိ ပန်လော့တိုးဂိတ်တွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အရပ်သား (၃)ဦး ကျည်ထိမှန်ခဲ့ကာ သိန္နီမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...