အင်းလေးဒေသ ဟဲယာရွာမ မီတာခ မဆောင်လို့မီးဖြတ်ခံရ၊ သူခိုးများသောင်းကျန်း

အင်းလေးဒေသ ဟဲယာရွာမ မီတာခ မဆောင်လို့မီးဖြတ်ခံရ၊ သူခိုးများသောင်းကျန်း

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမတွင် မီးဖြတ်ခံရပြီးနောက် ကျေးရွာအတွင်း သူခိုးများ သောင်းကျန်းနေကြောင်း ဒေသခံများက ပြောသည်။

“မီတာခ မဆောင်လို့ မီးဖြတ်တာပေါ့ဗျာ၊ မီးဖြတ်လိုက်တော့ တစ်ရွာလုံးက မှောင်မှောင်မဲမဲတွေ ဖြစ်ကုန်တာပေါ့၊ ဒါကို အခွင့်ကောင်းယူပြီး သူခိုးတွေက သောင်းကျန်းနေတာဗျာ၊ အခုနောက်ပိုင်း ရွာမှာ ပစ္စည်းပျောက်တာတွေက ညတိုင်း ဖြစ်နေတော့တယ်” ဟု ဟဲယာရွာမ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဟဲယာရွာမသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်မှ စတင်ပြီး ဆေးရုံဆေးခန်းနှင့် ကိုဗစ် ထိန်းချုပ်ကုသရေး စင်တာများ အပါအဝင် တစ်ရွာလုံး မီးဖြတ်ခံထားရကြောင်း၊ ယင်းအကျိုးဆက်ကြောင့် သူခိုးများ ပေါများလာ ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သူခိုးတွေက ဘယ်လောက်ထိ သောင်းကျန်းလာသလဲဆိုရင် အိမ်တစ်အိမ်က ပိဿာချိန် ၁၅၀/၂၀၀ ကြား ရှိတဲ့ စက်သုံးလုံးဟာ တစ်ညတည်းမှာပဲ ပျောက်သွားတယ်၊ အလေးချိန် ဒီလောက်ရှိတဲ့ စက်ကို တစ်ညတည်း ယူသွား နိုင်တဲ့ သူခိုးတွေက အင်အားအဖွဲ့ ဘယ်လောင်တောင်များမလဲ၊ အခုဆို ကိုယ့်မိသားစု အတွက် အိမ်သားတစ်ယောက်က ကင်းစောင့် နေရတဲ့ အခြေအနေရှိနေတယ်” ဟု ၄င်းဒေသခံအမျိုးသားက ဆိုသည်။

ကိုဗစ် စင်တာလည်း မီးဖြတ်ခံရသည့်အတွက် လက်ရှိမှာ ကိုဗစ် – ၁၉ လူနာသစ်များ လက်မခံနိုင်တော့ကြောင်း လည်း သိရသည်။

မီးမရှိသည့်အတွက် ညရောက်သည့်အခါ ပြည်သူများက မိမိပစ္စည်းများ အခိုးမခံရအောင် ကိုယ့်နည်းကိုယ့်ဟန် ဖြင့်သာ ဖြေရှင်းနေရကြောင်းလည်း ဟဲယာရွာမမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“ညရောက်ပြီဆိုတာနဲ့ သူခိုးက ဘယ်တော့ ပေါ်လာမလဲ၊ တို့အိမ်မှာ ဘာလာခိုးမလဲ၊ လူကိုပဲ ရန်ပြုသွားမလား ဆိုပြီး တွေးနေရင်းကို အိပ်မပျော်နိုင်တော့တာ၊ ကြောက်တာပေါ့၊ ရွာထဲမှာ သူခိုးသောင်းကျန်းနေတာကို လူကြီးတွေကလည်း ဘာမှ မဖြေရှင်းပေးတော့ အားငယ်တယ်” ဟု ၎င်း အမျိုးသမီးက ဆိုသည်။

ဟဲယာရွာမကျေးရွာအတွင်း သူခိုးများ သောင်းကျန်းနေမှုနှင့် ပတ်သက်ပြီး ညောင်ရွှေမြို့မှ ရဲစခန်းနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကို တိုင်ကြားပြောဆိုထားသော်လည်း တာဝန်ဖြေရှင်းပေးခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ် – ၁၉ ကူးစက်ရောဂါများနှင့် နိုင်ငံရေး မငြိမ်မသက်မှု များကြောင့် ဒေသတွင်းမှာလည်း တရားဥပဒေစိုးမိုးမှု မရှိိတော့သဖြင့် ခိုးမှု လုယက် ဓါးပြတိုက်မှုများ တနေ့တခြား များပြားလာကြောင်းသိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...