တောင်ကြီးမြို့ Ocean ကုန်တိုက်အနီးဗုံးပေါက်ကွဲ ထိခိုက်ဒဏ်ရာရသူရှိ

တောင်ကြီးမြို့ Ocean ကုန်တိုက်အနီးဗုံးပေါက်ကွဲ ထိခိုက်ဒဏ်ရာရသူရှိ

သျှမ်းပြည် မြို့တောင် တောင်ကြီးမြို့ Ocean ကုန်တိုက်အနီးတွင် ဗုံးနှစ်လုံးဆင့် ပေါက်ကွဲမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူ ၂ ဦး ရှိကြောင်း သတင်းသိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲကျော်တွင် တောင်ကြီး Ocean ကုန်တိုက် အနီးရှိ Asia Light အရှေ့တွင် ဗုံးနှစ်လုံး ပေါက်ကွဲပြီး မျက်မှန်လာလုပ်သည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား တစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်းသိရသည်။

“ထိခိုက်တဲ့သူက အမျိုးသမီးတစ်ယောက်ပါ သူ့သားငယ်နဲ့အတူ မျက်မှန်လာလုပ်နေတဲ့အချိန် ဗုံးပေါက်ကွဲတယ်၊ သူတို့နဲ့ အတော်နီးတဲ့ နေရာမှာ ပေါက်ကွဲမှက ဖြစ်တာ၊ နားထင်ကွဲတယ်ထင်တယ်၊ သွေးတွေက နားထင်ကနေ စီးကျနေတယ်။ လက်နဲ့ခြေထောက်လဲထိတယ်။ သူ့သားက ခြေကျင်းဝတ်ထိတယ်” ဟု မျက်မြင် တွေ့ရသည့် အမျိုးသားတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရသူများကို လူမှုကူညီရေးအသင်းမှ လာရောက်သယ်ဆောင်သွားပြီး ခဏအကြာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာအနီးသို့ ရဲများရောက်လာပြီး အနီးရှိ ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း လည်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...