သီပေါမြို့ ဈေးဝယ်လာသည့် အမျိုးသား တစ်ဦး ပစ်သတ်ခံရ

သီပေါမြို့ ဈေးဝယ်လာသည့် အမျိုးသား တစ်ဦး ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ မြို့မဈေးတွင် ဈေးလာဝယ်သည့် လင်မယား နှစ်ယောက် ပစ်ခတ်ခံရပြီး အမျိုးသားဖြစ်သူ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ (ဒီဇင်ဘာ ၂) နေ့လည် ၁၂ နာရီ ဝန်းကျင်က တာလုံကျေးရွာမှ ဈေးလာဝယ်သူ အမျိုးသားက ဈေးအတွင်းမှာ ပစ်ခတ်ခံရကြောင်း သိရသည်။

“ဈေးထဲ ပစ်ခံရတာပါ။ ဘယ်သူဘယ်ဝါလည်းတော့ သေချာမသိရသေးဘူး။ တစ်ယောက်တော့ သေသွားတယ်။ လင်းမယား ၂ ယောက်လာတာ။ အမျိုးသားကိုပဲ ပစ်သွားတာ။ ရင်ဘတ်ကျည်ထိတော့ အဲနေရာမှာတင် သေသွားတာ။ အမျိုးသမီးကတော့ ဘာမှ မဖြစ်ဘူး” ဟု‌ သီပေါမြို့ ဒေသခံ တစ်ဦးက ပြောသည်။

ထိုပစ်ခတ်ခံရသူကို ဒေသခံတချို့က တာလုံကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်ကြောင်း ပြောသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် အတည်မပြုနိုင်သေးပါ။

“ပစ်ခတ်ခံရသူက တာလုံအုပ်ချုပ်ရေးမှူးလို့တော့ ပြောတယ်။ ကျနော်တို့လည်း အတိအကျတော့ မပြောနိုင်သေးဘူး။ အခုမှ ဖြစ်တယ်ဆိုတော့ ကောင်းကောင်းအတည်မပြုနိုင်သေးဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သီပေါမြို့ မြို့မဈေးကို ယမန်နေ့ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ပြန်ဖွင့်ပေးခဲ့တာဖြစ်ပြီး ယနေ့ (ဒီဇင်ဘာ ၂ ရက်)တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...