ကျိုင်းတုံ လေကြောင်းလိုင်း ပြန်ပြေးဆွဲမည်

ကျိုင်းတုံ လေကြောင်းလိုင်း ပြန်ပြေးဆွဲမည်

သျှမ်းပြည် အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့တွင် လာမည့် ဒီဇင်ဘာလ ၂ ရက်မှ စတင်ကာ လေကြောင်းလှိုင်းများ ပြန်လည် ပြေးဆွဲမည် ဖြစ်ပြီး လိုက်ပါစီးနှင်းမည့် ခရီးသည်များ ကိုဗစ် – ၁၉ စစ်ရမည်ဖြစ်ကြောင်း သိရသည်။

“ဟုတ်ပါတယ်၊ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ လေယာဥ်တွေ ပြန်ပြေးဆွဲတော့မယ်လို့ ကြားပါတယ်၊ ထုံးစံအတိုင်း လေယာဥ်နဲ့ သွားမယ့် ခရီးသည်တွေက ကိုဗစ် စစ်ရမယ်ပေါ့၊ အသေးစိတ် အစီအစဥ်ကိုတော့ မသိရသေးဘူး” ဟု ကျိုင်းတုံမြို့မှ အမျိုးသားတစ်ဦးက ပြောသည်။

ကိုဗစ် – ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ရပ်နားထားရသည့် ကျိုင်းတုံမြို့မှ လေယာဥ်ပြေးဆွဲမှုခရီးစဥ်များသည် လာမည့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြန်လည်ပြေးဆွဲမည်ဟု Air KBZ နှင့် Air သံလွင်တို့က ၎င်းတို့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားတင်ပြထားသည်။

ပြီးခဲသည့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် Stay at Home အစီအစဥ်မှ ပယ်ဖျက်လိုက်သည့် ကျိုင်းတုံမြို့သည် ကိုဗစ် – ၁၉ ကူးစက်မှု ဆက်လက်ရှိနေသေးသည့်အတွက် ယင်းကဲ့သို့ လေကြောင်းလိုင်း ပြန်ဖွင့်ခြင်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူများအနေဖြင့် သေချာလုပ်ဆောင်သင့်ကြောင်း ကျိုင်းတုံမြို့မှ နှလုံးလှ ပိုင်ရှင်များ လူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

“ပြန်ဖွင့်မယ်ဆိုတော့လည်း စနစ်တကျဖြစ်စေချင်တယ်။၊ ပိတ်ထားရတာလည်း ကြာနေပြီဆိုတော့ ရောဂါရဲ့ အကျိုးသက်ရောက်မှုကို လူတိုင်းလည်း သတိပြုမိမှာပါ၊ ပြည်သူများလည်း မပေါ့နဲ့၊ တာဝန်ရှိသူများလည်း သေချာ စိစစ်ကွပ်ကဲပါ၊ ဒါကိုပဲ ပြောချင်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကျိုင်းတုံလေဆိပ်မှ လိုက်ပါစီးနှင်းမည့် ခရီးသည်များအနေဖြင့် သွားမည့်ရက် မတိုင်ခင် တစ်ရက် ကြိုပြီး ကျန်းမာရေးဦးစီးဌာနမှာ ကိုဗစ် – ၁၉ ရှိ မရှိကို မနက် ၉ နာရီမှ ၁၁ နာရီခွဲအတွင်း စစ်ဆေးရန်အတွက် ကျန်းမာရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

ကျိုင်းတုံ ခရီးစဥ်များကို ပြေးဆွဲရန်အတွက် စီစဥ်ထားသည့် လေကြောင်းလိုင်းဌာနများအနေဖြင့် Air KBZ၊ Air သံလွင် တို့အပြင် မြန်မာ့လေကြောင်းလိုင်းတို့ကလည်း ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...