တနိုင်းနှင့် ဖားကန့်ရှိ ကျေးရွာ ၄ ရွာတွင် တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုုပ်ရန် အသိပေးသည့်စာ ပြန်ရုတ်သိမ်း

တနိုင်းနှင့် ဖားကန့်ရှိ ကျေးရွာ ၄ ရွာတွင် တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုုပ်ရန် အသိပေးသည့်စာ ပြန်ရုတ်သိမ်း
by -
မဇ္ဈိမ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် ဖားကန့်မြို့နယ်အတွင်း ကျေးရွာ ၄ ခုုတွင် ဇွန်လ ၂၃ ရက်မှ ဇူလုုိင်လ ၂ ရက်နေ့အတွင်း တပ်မတော်မှ နယ်မြေရှင်းလင်းရေး၊ ပစ်ခတ်မှုများ ဆောင်ရွက်သွားမည် ဖြစ်၍ ကျေးရွာနေ ပြည်သူများ ရွာပြင်သုုိ့ လုုပ်ကုုိင်ခြင်း မပြုလုုပ်ရန် အသိပေးစာကုုိ ဇွန်လ ၂၂ ရက်နေ့ နံနက်ပုုိင်းက ထုုတ်ပြန်လုုိက်ပြီးနောက် မွန်းလွဲပုုိင်းတွင် ပြန်လည် ရုုတ်သိမ်းလုုိက်သည်ဟုု သိရသည်။

အသိပေးစာတွင် မိမိတိုု့စည်းရုံုးရေးနယ်မြေဖြစ်သော နောင်မီးကျေးရွာ၊ ဝါရာဇွပ်၊ကျးရွာ၊ ရှာထူးဇွပ်ကျေးရွာ၊ တိန်ကောက် ကျေးရွာအတွင်း တပ်မတော် စစ်ကြောင်းများမှ လီဒုုိကားလမ်းမကြီး၏ ဘေးဝဲ၊ ယာ မီတာ ၅၀၀၀အတွင်း အတွင်း နယ်မြေ ရှင်းလင်းရေး၊ ပစ်ခတ်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာ အခြေစုုိက် တပ်မတော်၏ အမှတ် ၂၉၇ ခြေလျင်တပ်ရင်းမှူးမှ အုုပ်ချုပ်ရေးမှူးများထံသုုိ့ ဇွန်လ ၂၂ ရက်နေ့ ရက်စွဲဖြင့် အသိပေးအကြောင်းကြားစာ ပေးပုုိ့ခဲ့ခြင်း ဖြစ်သည်။

“စာက မနက် ၁၀ နာရီမှာ စာရောက်လာတယ်။ ဒါပေမယ့် ၁ နာရီလောက်မှာ အဲဒီစာ ပြန်ရုုတ်သိမ်းလုုိက်တယ်ဆုုိပြီး ပြန် အကြောင်းကြားလာတယ်။ ဘာကြောင့် ရုုတ်သိမ်းတယ်ဆုုိတာတော့ မပြောဘူး။ ရုုတ်သိမ်းလုုိက်ပေမဲ့ မစုုိးရိမ်ရပေမဲ့ ဒီမှာက စစ်ဖြစ်တဲ့ နေရာဆုုိတော့ ကျွန်တော်တုုိ့က ရွာသားတွေကုုိ သတိနဲ့ နေကြဖုုိ့ ပြောထားတယ်။ ကုုိယ့် တောင်ယာမှာပဲ အလုုပ် လုုပ်ရင်လုုပ်။ တခြားအရေးမကြီးရင် အပြင်မသွားကြဖိုု့တော့ ပြောထားပါတယ်”ဟုု ဝါရာဇွပ်ကျေးရွာ အုုပ်ချုပ်ရေးမှူး ဦးနော်ဒီးက ပြောသည်။

အဆုုိပါ ကျေးရွာများတွင် နေထုုိင်နေကြသော ပြည်သူများအနေဖြင့် သတ်မှတ်ထားသောရက်များအတွင်း အမဲလုုိက်ခြင်း၊ သစ်၊ ဝါးများခုုတ်ခြင်း၊ ဟင်းသီးဟင်းရွက်များ ရှာဖွေခြင်းနှင့် တောင်ယာခုုတ်ခြင်းလုုပ်ငန်းများ လုုပ်ကုုိင်ခြင်း မပြုလုုပ်ရန် ကျေးရွာနေပြည်သူများသုုိ့ အသိပေးအကြောင်းကြားထားရန်နှင့် သိရှိ၊ မရှိ၍ ထိခုုိက်နစ်နာမှုများရှိပါက သက်ဆုုိင်ရာ အုုပ်ချုပ်ရေးမှူးများ၏ တာဝန်သာ ဖြစ်ကြောင်း ၄င်းတိုု့၏ အသိပေးစာတွင် ဖော်ပြထားသည်။

နောင်းမီ၊ ဝါရာဇွပ်၊ ရာထူးဇွပ်စသည့် ကျေးရွာများသည် ဖားကန့်မြို့နယ်တွင် ရှိပြီး တိန်ကောက်ကျေးရွာသည် တနုုိင်းမြို့နယ်အတွင်း ပါဝင်သည်။ တပ်မတော်၏ ခြေလျင်တပ်ရင်း ၂၉၇ တနုုိင်းဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ တပ်ရင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဖားကန့်-မုုိးကောင်းကားလမ်းပေါ်တွင် တပ်မတော်၏ တပ်ရင်း ၄ ရင်းက တုုိးမြှင့်၍ ချထားသဖြင့် တုုိက်ပွဲက အချိန်မရွှေးဖြစ်ပွားနုုိင်သည်ဟုု ဖားကန့်ဒေသမှ KIA တပ်ရင်း ၆ တပ်ရင်းမှူးက မဇ္စျိမကုုိ ပြောသည်။

“ဒီနေ့တော့ တုုိက်ပွဲ ဖြစ်တာ မကြားသေးဘူး။ ဒီဖားကန့်ဘက်မှာတော့ မုုိးကောင်းနဲ့ ကားမုုိင်းလမ်း၊ ကားမုုိင်းနဲ့ ဖားကန့် လမ်းကြားမှာက လမ်းပေါ်မှာ လမ်းလုံုခြံုရေးအတွက် တပ်ရင်း ၄ ရင်းလောက် လှုပ်ရှားနေတယ်”ဟုု သူက ပြောသည်။

ဇွန်လ ၃ ရက်နေ့က KIA နှင့် တပ်မတော်တုုိ့ တုုိက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေး လုုပ်ဆောင်မည်ဖြစ်၍ တနုုိင်းမြို့နယ် ရွှေ၊ ပယင်းမှော်များရှိ ရွှေ့ပြောင်း လုုပ်သားများနှင့် ဒေသခံ ရွာသားများအား ဇွန်လ ၁၅ ရက်နောက်ဆုံုးထား အမြန်ဆုံုးထွက်ခွာရန် တရားဝင် စာထုုတ်ပြန်ခဲ့သည်။

KIA မှလည်း အဆိုပါနေရာများတွင် လတ်တလောအခြေအနေများကြောင့် သွားလာခွင့် အချိန် ကန့်သတ်ကြောင်း ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုနောက်ပုုိင်း KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ တပ်ဖွဲ့များနှင့် တပ်မတော်တိုု့အကြား တုုိက်ပွဲ နေ့စဉ်ဆုုိသလုုိ ဖြစ်ပွားလျက်ရှိနေသည်။

ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် တနုုိင်းမြို့နယ်အတွင်း တုုိက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း ယမန်နေ့တွင် တနုုိင်းမြို့နယ် လီဒုုိလမ်းမပေါ်တွင် ခွမ်ဇုုိင်ယန်ဒေသတွင် တုုိက်ပွဲ ဖြစ်ပွားခဲ့သည်ဟုု သိရသည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...