(၅) လကြာ ပိတ်ထားသည့် နမ့်လန်ဈေးကို ဒီဇင်ဘာလတွင် ပြန်ဖွင့်မည်

(၅) လကြာ ပိတ်ထားသည့် နမ့်လန်ဈေးကို ဒီဇင်ဘာလတွင် ပြန်ဖွင့်မည်

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့တွင် (၅)လကြာ ကိုဗစ်ကြောင့် ပိတ်ခံထားရသည့် မြို့မဈေးကို ဒီဇင်ဘာ ၁ ရက်နေ့မှစပြီး ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

နမ့်လန်မြို့တွင် ကိုဗစ် – ၁၉ ပိုးတွေ့လူနာ လျော့ကျလာပြီး ပြည်သူများက ကိုဗစ် ၁၉ ကာကွယ်ဆေး သွားရောက်ထိုးနှံကြသောကြောင့် ပြန်လှည်ဖွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

“ဒီဇင်ဘာ ၁ ရက်နေ့က စပြီး ပြန်ဖွင့်ပေးသွားမှာပါ။ နမ့်လန်မှာက ခုတလော ကိုဗစ် ပိုးတွေ့လူနာ လျော့ကျလာတယ်။ ပြည်သူတွေလည်း ကာကွယ်ဆေးသွားထိုးကြတယ်” ဟု နမ့်လန်မြို့ တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။

နမ့်လန်မြို့မဈေးကို ကိုဗစ် – ၁၉ တတိယလှိုင်း ဇွန်လကစပြီး ပိတ်ထားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒေသခံပြည်သူများက ဈေးကို ပြန်လည်ဖွင့်ပေးသင့်ကြောင်း၊ ဈေးပိတ်ခဲ့သောကြောင့် စားဝတ်နေရေးအတွက် ခက်ခဲမှုများစွာ ရှိလာခဲ့ကြောင်း သိရသည်။

“ဈေးတော့ ပြန်ဖွင့်ပေးသင့်တယ်လို့ ကျမထင်တယ်။ ၅ လကြာတောင် ပိတ်ထားခဲ့ပြီးပြီလေ။ ဈေးပိတ်ခဲ့တာကြောင့် ကျမတို့လည်း စားဝတ်နေရေး ခက်ခဲမှုတွေ ရှိလာတယ်။ အခုလို ပြန်ဖွင့်ပေးမယ်ဆိုတော့လည်း ကောင်းတယ်” ဟု နမ့်လန်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

နမ့်လန်မြို့တွင် ဒေသခံပြည်သူများ ၈၀ ရာခိုင်နှုန်းလောက်ထိက ကိုဗစ် – ၁၉ ကာကွယ်ဆေး ထိုးပြီးကြသူများ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာ ၃၀ ရက်နေ့တွင် မြို့မဈေး တံခါးကို ဖွင့်ထားပေးမည်ဖြစ်ပြီး ဈေးရောင်းသူများအနေဖြင့် လာရောက်သန့်ရှင်းရေးလုပ်နိုင်ကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...