(၅) လကြာ ပိတ်ထားသည့် နမ့်လန်ဈေးကို ဒီဇင်ဘာလတွင် ပြန်ဖွင့်မည်

(၅) လကြာ ပိတ်ထားသည့် နမ့်လန်ဈေးကို ဒီဇင်ဘာလတွင် ပြန်ဖွင့်မည်

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့တွင် (၅)လကြာ ကိုဗစ်ကြောင့် ပိတ်ခံထားရသည့် မြို့မဈေးကို ဒီဇင်ဘာ ၁ ရက်နေ့မှစပြီး ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

နမ့်လန်မြို့တွင် ကိုဗစ် – ၁၉ ပိုးတွေ့လူနာ လျော့ကျလာပြီး ပြည်သူများက ကိုဗစ် ၁၉ ကာကွယ်ဆေး သွားရောက်ထိုးနှံကြသောကြောင့် ပြန်လှည်ဖွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

“ဒီဇင်ဘာ ၁ ရက်နေ့က စပြီး ပြန်ဖွင့်ပေးသွားမှာပါ။ နမ့်လန်မှာက ခုတလော ကိုဗစ် ပိုးတွေ့လူနာ လျော့ကျလာတယ်။ ပြည်သူတွေလည်း ကာကွယ်ဆေးသွားထိုးကြတယ်” ဟု နမ့်လန်မြို့ တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။

နမ့်လန်မြို့မဈေးကို ကိုဗစ် – ၁၉ တတိယလှိုင်း ဇွန်လကစပြီး ပိတ်ထားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒေသခံပြည်သူများက ဈေးကို ပြန်လည်ဖွင့်ပေးသင့်ကြောင်း၊ ဈေးပိတ်ခဲ့သောကြောင့် စားဝတ်နေရေးအတွက် ခက်ခဲမှုများစွာ ရှိလာခဲ့ကြောင်း သိရသည်။

“ဈေးတော့ ပြန်ဖွင့်ပေးသင့်တယ်လို့ ကျမထင်တယ်။ ၅ လကြာတောင် ပိတ်ထားခဲ့ပြီးပြီလေ။ ဈေးပိတ်ခဲ့တာကြောင့် ကျမတို့လည်း စားဝတ်နေရေး ခက်ခဲမှုတွေ ရှိလာတယ်။ အခုလို ပြန်ဖွင့်ပေးမယ်ဆိုတော့လည်း ကောင်းတယ်” ဟု နမ့်လန်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

နမ့်လန်မြို့တွင် ဒေသခံပြည်သူများ ၈၀ ရာခိုင်နှုန်းလောက်ထိက ကိုဗစ် – ၁၉ ကာကွယ်ဆေး ထိုးပြီးကြသူများ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာ ၃၀ ရက်နေ့တွင် မြို့မဈေး တံခါးကို ဖွင့်ထားပေးမည်ဖြစ်ပြီး ဈေးရောင်းသူများအနေဖြင့် လာရောက်သန့်ရှင်းရေးလုပ်နိုင်ကြောင်း သိရသည်။

Most read this week

December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...