ရွှေညောင်စျေးအတွင်း စျေးသည်များ နေရာရွှေ့ပြောင်းရန် ဖိအားပေးခံရ

ရွှေညောင်စျေးအတွင်း စျေးသည်များ နေရာရွှေ့ပြောင်းရန် ဖိအားပေးခံရ

သျှမ်းပြည်တောင်ပိုင်း ရွှေညောင်ဈေးတွင် ဈေးသည်များကို Stay At Home အစီအစဥ်ပယ်ဖျက်ပေးသည့် နိုဝင်ဘာ ၂၅ ရက်မှ နှစ်ရက်အတွင်း အပြီးပြောင်းရွေ့ပေးရန် စစ်ကောင်စီတပ်သားများက သေနတ်များဖြင့် ဖိအားပေး၍ လာရောက်အော်ဟစ်ပြောဆိုသွားကြောင်း သိရသည်။

“မနေ့ (နိုဝင်ဘာလ ၂၅) ရက်နေ့ကပဲ Stay At Home ပယ်ပြီး အပြင်ထွက်ခွင့် ဈေးရောင်းခွင့်ပေးတာကို ဈေးသည် တွေ ရွှေ့ပြောင်းပေးဖို့ လာဆော်သြသွားတာ၊ နှစ်ရက်အတွင်း နေရာကနေ ပြောင်းရွှေ့ပေးပါတဲ့၊ လိုက်နာဆောင် ရွက်ခြင်း မရှိရင် သူတို့တာဝန်ရှိတဲ့အတိုင်း ဆောင်ရွက်ရမယ်ဆိုပြီး ပြောသွားတာ” ဟု ရွှေညောင်မြို့နေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဈေးမှ နေရာပြောင်းရွှေ့ ဖယ်ရှားစေမှုသည် မည်သည့် အကြောင်းကိစ္စကြောင့် ဟူ၍လည်း ပြောဆို ရှင်းပြခြင်းမရှိကြောင်း နှင့် ရက်ပိုင်းအတွင်း ဈေးသည်များ ပြောင်းရွှေ့နိုင်ရန်လည်း မလွယ်ကူကြောင်း ရွှေညောင်ဈေးအတွင်းမှ ဈေးသည်တစ်ဦးက ပြောသည်။

“ဈေးရောင်းဖို့တစ်နေရာစာက လွယ်တာ မဟုတ်ဘူးလေ၊ မနေ့ကမှ စရောင်းရခါစကို သူတို့(စစ်ကောင်စီ) ကအတင်းရွေ့ခိုင်းနေတော့ ကျမတို့လည်းဘယ်လိုလုပ်ရမှန်းမသိတော့ပါဘူး” ဟု အမည်မဖော်လိုသည့် ရွှေညောင်ဈေးအတွင်းမှ ဈေးသည်တစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတို့သည် ရွှေညောင်မြို့ အပါအဝင် တောင်ကြီးမြို့နယ်အတွင်းရှိ Stay At Home သတ် မှတ်ထားသော မြို့များကို ပယ်ဖျက်ပေးပြီး ရွှေညောင်ဈေးသူ/သားများကို နေရာပြောင်းရွှေ့စေခြင်းနှင့် ပက် သက်ပြီး တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီထံသို့ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း လက်ခံဖြေကြားခြင်းမရှိပါ။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...