ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့က ပြည်သူ့နေအိမ်တချို့ကို ဖျက်ဆီး

ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့က ပြည်သူ့နေအိမ်တချို့ကို ဖျက်ဆီး

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် မိုင်လပ်အုပ်စု ဝမ်မိုင်အာခါကျေးရွာရှိ ဒေသခံနေအိမ်တချို့ကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ နှင့် လူမှုဝန်ထမ်းများက လာရောက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာ ၂၅ မနက် ၉ နာရီ ဝန်းကျင်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့များနှင့် လူမှုဝန်ထမ်းများသည် အချုပ်ကားများဖြင့် ဝမ်မိုင်အာခါကျေးရွာ နည်းပညာတက္ကသိုလ်အနီး ရှိသည့်နေရာသို့ရောက်ရှိလာပြီး ရဲတပ်ဖွဲ့များ ပြည်သူနေအိမ်တချို့ကို ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

“ ရဲတွေနဲ့လာတာ။ သူတို့ အင်းအားက ၁၀၀ လောက်ရှိတယ်။ အချုပ်ကားလည်း ပါတယ်။ သေနတ်တွေလည်းပါတယ်။ ကျနော်တို့ ဘာမှ ပြန်မလုပ်နိုင်ဘူး။ အကုန်ဖျတ်ဆီးသွားတယ်။ကျနော်တို့အိမ်၊ ကြက်ခြံ၊ ဝက်ခြံ၊ ဆိုင်ကယ်၊ အိမ်သာကစ ဖျက်ဆီးသွားတာ” ဟု နေအိမ်ဖျတ်ဆီးခံခဲ့ရသူ တစ်ဦးက ပြောသည်။

လွန်ခဲ့သည် ၂၀၁၅ ခုနစ် NLD လက်ထက်တွင် ထိုနေရာတွင် နေထိုင်သူများကို ကျူးကျော်နယ်မြေ နေထိုင်သူဟု တကြိမ်စွတ်စွဲခဲ့ပြီး တရားစွဲ အမှုဖွင့်ခံခဲ့ရကာ ၂၀၁၆ ခုနစ်တွင် ဒေသခံပြည်သူများ ပိုင်ဆိုင်ဝယ်ယူထားသည့် လက်မှတ်များရှိသည့်အတွက် တရားရုံး ဆုံးဖြတ်ချက်အရ ပြည်သူမျာ အမှုနိုင်ခဲ့သည်။

“၂၀၁၅ တုန်းက ကျနော်တို့ အမှုဖွင့်ခံရတယ်။ ၂၀၁၆ ကျနော်တို့ ဒီခြံထဲနေတဲ့ နယ်မြေမကျူးကျော်ကြောင်း အနိုင်ရခဲ့တယ်။ ကျနော်တို့ အိမ်ပုံစံ ပိုင်ဆိုင်ကြောင်း လက်မှတ်တွေအပြည့်ရှိထားပါတယ်။ ဒါကိုသူတို့တွေ နားမထောင်ဘူး။ အတင်းလာဖျတ်ဆီးသွားတယ်။ သူတို့အခုက စစ်ကောင်စီရဲ့ အကာကွယ်ယူပြီးတော့ လာလုပ်တာဘဲလို့ ကျနော်တို့တော့ သုံးသပ်တယ်” ဟု နေအိမ်ဖျတ်ဆီးခံရသူ က ပြောပါတယ်။

ထိုသို့ နေအိမ်ကိုဝင်ရောက်လာဖျက်ဆီးခဲ့သောကြောင့် လက်ရှိဒေသခံများက နေထိုင်စရာ အခက်ခဲများစွာ ရှိလာကြောင်းသိရသည်။

“ သူတို့ပစ္စည်းတွေကို အကုန်ဖျတ်ဆီးသွားတယ်။ ကျနော်တို့ ပစ္စည်းလည်း အဲမှာပဲ ထားထားတာ။ အခက်ခဲကတော့ နေစရာနေအိမ်မရှိတော့ဘူးလေ။ နေစရာခက်တယ်။ စားဖို့သောက်ဖို့လည်း ခက်ခဲလာတယ်။” ဟု အထက်ပါ နေအိမ်ဖျတ်ဆီးခံရသူက ပြောသည်။

ထိုအပြင် လွန်ခဲ့တဲ့ရက်ပိုင်းတွင်လည်း ထိုနေရာတွင် နေအိမ် ၄ အိမ်လောက်က ဖျတ်ဆီးခံခဲ့ရကြောင်း၊ လက်ရှိမြန်မာနိုင်ငံ၏ ဥပဒေသည် မြေယာအိမ်ပိုင်ဆိုင်ထားသည် လက်မှတ် ပုံစံ (၁၀၅) ရှိသော်လည်း အကြုံးဝင်မဝင် ဆိုသည်ကို နေထိုင်သူများက သက်ဆိုင်ရာကို မေးမြန်ထားကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...