NLD ပါတီဝင်အပါအဝင် ရွာသား ၄ ဦး ဖမ်းခံရ

NLD ပါတီဝင်အပါအဝင် ရွာသား ၄ ဦး ဖမ်းခံရ

ထားဝယ်ခရိုင်အတွင်း NLD ပါတီဝင်တစ်ဦး အပါအဝင် ကျေးရွာသား ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားသုံး ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသက ထိန်ကြီးကျေးရွာတွင် နေထိုင်သူများဖြစ်ကြသည့် NLD ပါတီဝင် ဦးမြတ်စိုး၊ ဦးနေဇာ၊ ဦးစိုးသိန်း နှင့် မရုပ်မဒု (အမျိုးသမီး)တို့ ဖြစ်ပြီး ဦးနေဇာမှာ ကျောင်းဆရာဟောင်းတစ်ဦးဖြစ်သည်ဟု ထိန်ကြီး ကျေးရွာက ဒေသခံများက ပြောသည်။

“အဖမ်းခံရသူတွေအထဲမှာ အမျိုးသမီးတစ်ဦးလည်း ပါတယ်။ လာဖမ်းချိန်မှာ ရွာက သတင်းပေး တစ်ယောက် လည်း ပါလာတယ်။ တခြားကလေးတွေကိုလည်း အတင်းခေါ်ဆောင်သွားမယ်လုပ်လို့ မနည်းတောင်းပန် လိုက် ရတယ်” ဟု ဒေသခံ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင် အချိန်ခန့်တွင် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မည်သည့်အတွက် ကြောင့် ဖမ်းဆီးမှန်း မသိသေးဘူးဟု ထိန်းကြီးကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

အဖမ်းခံရသူ ၄ ဦးကို ဧကနိဘုန်းကြီးကျောင်းသို့ တညကြာ ခေါ်ဆောင်ထိန်းသိမ်းထားခဲ့ပြီး နိုဝင်ဘာလ ၂၅ ရက် နေ့၊ နံနက်ပိုင်းတွင် ထားဝယ်မြို့ကို ခေါ်ဆောင်သွားသည်ဟု ၎င်းကပြောသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာထဲတွင်ရှိနေဆဲ ဖြစ်ပြီး ထွက်ဝကျေးရွာတွင်လည်း အင် အား တစ်ရာဝန်းကျင်ရောက်ရှိနေသည်ဟု ဒေသခံရွာသားများက ပြောသည်။

နဘုလယ်ဒေသနှင့် ကံပေါက်ဒေသအကြား နေရာတစ်ခုဖြစ်သည့် ဖားချောင်းကျေးရွာအနီးတွင် နိုဝင်ဘာလ ၁၈ ရက်နေ့ က မိုင်းဆွဲတိုက်ခိုက်ခံရပြီးသည့်နောက်တွင် အနီးအနားကျေးရွာများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ် စွဲတပ်ထိုင်ခြင်း၊ နေအိမ်များတွင်ရှာဖွေခြင်း၊ လမ်းသွားလမ်းလာများအား စစ်ဆေးခြင်းများ  ဆက်တိုက် လုပ် ဆောင်နေကြသည် ဟု သိရသည်။

ထို့အပြင် ကံပေါက်ကျေးရွာတွင်လည်း ဒေသခံပြည်သူ ၉ ဦးကို ဖမ်းဆီးထားသည်ဟု ကနဦးကြားသိထားရပြီး အသေးစိတ် သိရှိအတည်ပြုနိုင်ရန် အတွက် သတင်းနှင့်မီဒီယာကွန်ယက်မှ ကြိုးစားလျက်ရှိသည်။

Most read this week

December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...
ဓာတ်ပုံ - MYANMAR NATIONAL PORTAL
December 9, 2025
တက္ကသိုလ် တက်ရောက်ခွင့်ကို ခြိမ်းခြောက်၍ ရှမ်းပြည်မှ ကျောင်းသား ၂၅၀ ကျော် ကြိုတင်မဲပေးရန်...