ကိုဗစ်ကူးစက်မှုနှုန်း ရှိနေဆဲ သျှမ်းပြည်မှ ၉ မြို့နယ် Stay at Home အစီအစဉ်မှ ပယ်ဖျက်

ကိုဗစ်ကူးစက်မှုနှုန်း ရှိနေဆဲ သျှမ်းပြည်မှ ၉ မြို့နယ် Stay at Home အစီအစဉ်မှ ပယ်ဖျက်

သျှမ်းပြည်အတွင်းမှ ကိုဗစ် – ၁၉ ကူးစက်မှုနှုန်း မြင့်နေဆဲဖြစ်သည့် မြို့နယ် ၉ ခုကို Stay at Home အစီအစဥ်မှ ပယ်ဖျက်ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၄ ရက် ညပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက လွန်ခဲ့သော ၁၄ ရက်အတွင်း ဓါတ်ခွဲအတည်ပြုလူနာသစ် ထပ်မံတွေ့ရှိရမှု လျော့နည်းလာခြင်း၊ အစုလိုက်ကူးစက်ဖြစ်ပွားမှု လျော့နည်းလာခြင်းတို့ကြောင့် သျှမ်းပြည်မှ မြို့နယ် ၉ ခုအား ယနေ့ နိုဝင်ဘာလ ၂၅ ရက်မှ စတင်၍ Stay at Home မှ ပယ်ဖျက်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ Stay at home ပယ်ဖျက်သည့် သျှမ်းပြည်မှ မြို့နယ်များမှာ နောင်ချိုမြို့နယ်၊ သီပေါမြို့နယ်၊ ကျိုင်းတုံမြို့ နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ မူဆယ်မြို့နယ်၊ လားရှိုးမြို့နယ် နှင့် လောက်ကိုင်မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ Stay at Home ပယ်ဖျက်ပေးခြင်းနှင့် ပတ်သက်ပြီး လားရှိုးမြို့နေ ပြည်သူတစ်ဦးက ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ရန် လွယ်ကူသွားပေမယ့်လည်း ရောဂါများ ပြန်လည်မြင့်တက်လာမည်ကို စိုးရိမ်ကြောင်း ၎င်းက ပြောသည်။

“စစ်ကောင်စီတို့ ကျနော်တို့မြို့ကို Stay at Home ဖြုတ်ပေးပေမယ့် ကျနော်တို့ ပြည်သူတွေအနေနဲ့လည်း သတိနဲ့နေ သတိနဲ့ သွားဖို့ လိုပါတယ်၊ ကျနော်တို့ လားရှိုးမြို့မှာဆို ရောဂါကူးစက်ခံရတဲ့သူ မရှိတဲ့နေ့ ဆိုတာ မရှိဘူး၊ အဲ့ကြောင့်လည်း များများဂရုစိုက်ဖို့ လိုပါသေးတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ယခင်က သျှမ်းပြည်အတွင်းမှ မြို့နယ် ၁၀ ခုတို့ကို Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာထားခဲ့သော်လည်း ယခု ၉ မြို့နယ်ကို ပယ်ဖျက်ပြီးဖြစ်သည့်အတွက် သျှမ်းပြည်အတွင်း Stay at Home အစီအစဉ် အကျုံးဝင်သည့်မြို့နယ်အနေဖြင့် တာချီလိတ် တစ်မြို့နယ်သာ ကျန်ရှိတော့ကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...