လက်နက်များနှင့်အတူ လူ ၅ ဦး ဖမ်းခံရ

လက်နက်များနှင့်အတူ လူ ၅ ဦး ဖမ်းခံရ

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့တွင် အမျိုးသား ၅ ဦးကို လက်နက်များနှင့်အတူ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲများက လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

မြိတ်တောင်နယ်မြေ မြို့သစ် ၄ ရပ်ကွက်နှင့် မြို့သစ် ၅ ရပ်ကွက်တွင် နေထိုင်သူ ၅ ဦး ကို နိုဝင်ဘာလ ၂၃ ရက်နေ့

နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

မြို့သစ်ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး က “အသက် ၂၀ ကျော်လောက်ရှိတဲ့ လူငယ်တစ်ယောက်ကို ညထဲက လာဖမ်းသွားပြီး မနက်မှ ကျန်တဲ့လေးယောက်ကို လာဖမ်းတာ။ သိမ်းသွားတဲ့ သေနတ်တွေက လက်လုပ်(တူမီး)တွေလို့တော့ ကြားတယ်။ အလက်တစ်ဆယ် ကျော်မယ်“ ဟု ပြောသည်။

ထိုသို့ ဖမ်းဆီးခဲ့ရာတွင် အသက် ၄၀ ခန့်အရွယ် ဆိုင်ကယ်ဘေးတွဲမောင်းနေသူ နေအိမ်အောက်တွင် ဆာလာအိတ် ဖြင့် ဝှက်ထားသည့် လက်နက်များကို ရှာဖွေသိမ်းဆည်းသွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ဆို သည်။

လက်နက်များ သိမ်းဆည်းရမိသည့် အမျိုးသားက မြို့သစ်ရပ်ကွက်တွင် အိမ်ငှားနေထိုင်သူ ဖြစ်သည်ဟု ဆိုကြသည်။

အဆိုပါလက်နက်များတွေ့ရှိခဲ့သည့် နေအိမ်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၂၃ ရက်နေ့ တနေ့လုံး သုံးကြိမ်တိုင်တိုင် လာရောက်ရှာဖွေမှုများ လုပ်ဆောင်နေသည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။

မြိတ်မြို့၊ မြို့သစ်ရပ်ကွက်ထဲက အမျိုးသား ၅ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးခံလိုက်ရသည့် ကိစ္စနှင့် ပတ် သက်၍ ဖမ်းဆီးမိသူများ၏ အမည်များနှင့် ဖမ်းဆီးရမိသည့် လက်နက် အမျိုးအစားများအပြင် အရေအတွက်ကို အတည်ပြုနိုင်ရန်အတွက် သတင်းနှင့် မီဒီယာကွန်ယက် သတင်းဌာနက ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...