ဝိုင်းမော်တွင် ပြည်သူ့စစ်များ ဂိတ်တားပြီး ပိုက်ဆံကောက်

ဝိုင်းမော်တွင် ပြည်သူ့စစ်များ ဂိတ်တားပြီး ပိုက်ဆံကောက်

ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝူယန်ကျေးရွာတွင် ဂိတ်တားပြီး ပြည်သူ့စစ်အဖွဲ့ဝင် တပ်သားများက လမ်းသွား လမ်းလာ ပြည်သူများထံမှ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြသည်ဟု ဒေသခံရွာသားများက ပြောသည်။

ထိုဂိတ်ကို ယခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ငွေကြေး ကောက်ခံလာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"ဟင်းဖိုးဆိုပြီးမှ တစ်ထောင်နှစ်ထောင် အဲ့ဒီလိုတောင်းတယ်။ ကားတွေကို ပိုတောင်းတာ။ ကျနော့်ကို တောင်း တာက ပြည်သူ့စစ်ဟုတ်တယ်" ဟု ဝါရှောင်ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူ့စစ်အဖွဲ့ဝင် တပ်သားများက ဒေသခံပြည်သူများထံမှ ဟင်းဖိုးဟုဆိုကာ ငွေကြေးတောင်းခံမှုများ ပြုလုပ် နေခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ဝူယန်ဂိတ်မှ ၁၅ မိနစ်ခန့် ကားမောင်းနှင်လာပါက အာဏာသိမ်းစစ်ကောင်စီ၏ ၅၈ ခြေမြန်တပ်ရင်းရှိပြီး ဝူယန် ပြည်သူ့စစ်ဂိတ်သည် ဝူယန်ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးဘေးတွင်ရှိသည်။

ဩဂုတ်လ ၁၃ ရက်နေ့ ညနေကလည်း ခ.လ.ရ (၅၈) စစ်တပ်ရှေ့မှ ဆိုင်ကယ်နှင့် ဖြတ်သန်းသွားလာခဲ့သည့် ဝူယန်ကျေးရွာက အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန် သေဆုံးခဲ့သေးသည်။

ယခုနောက်ပိုင်းတွင် စစ်ကောင်စီသည် ဘတ်ဂျက်လျော့နည်းနေပြီး ၎င်းတို့အောက်ခြေတပ်ဖွဲ့များနှင့် အရံအင် အားများဖြစ်ကြသည့် ပြည်သူစစ်များအား ပုံမှန်မထောက်ပံ့နိုင်သဖြင့် ကိုယ်အားကိုယ်ကိုး ရှာဖွေရပ်တည်ရန် ညွှန်ကြားထားသည်ဟု မပခ မြောက်ပိုင်းစစ်ဌာနချုပ်မှ စစ်မှုထမ်းဟောင်း အရာရှိတစ်ဦးက ပြောသည်။

July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...
July 30, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ရေကြီးမှု နောက် ဆက်တွဲ ငှက်ဖျားရောဂါ ဖြစ်ပွားမှု...