မူဆယ်မြို့နယ် ရွာသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ သေနတ်ဖြင့်ပစ်သတ်

မူဆယ်မြို့နယ် ရွာသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ သေနတ်ဖြင့်ပစ်သတ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မန်းဟန်ကျေးရွာတွင် မန်းဟန်ကျေးရွာ ယာခင်းအတွင်း အလုပ်လုပ်နေသည့် အသက် ၅၃ နှစ်ရှိ အမျိုးသားတစ်ဦးကို နိုဝင်ဘာလ ၂၂ ရက်နေ့က စစ်ကောင်စီတို့ရိုက်နှက်ပြီး သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။

“သူက ခြံထဲမှာ အလုပ်လုပ်နေတဲ့အချိန် စစ်သားတွေက သူ့ကို လာဖမ်းပြီး ဘာတွေပြောနေကြလဲ မသိဘူး၊ ပြီးတော့ ရိုက်တာ၊ နောက်တော့ သေနတ်နဲ့ ပစ်သတ်သွားတယ်” ဟု အမည်မဖော်လိုသည့် ရွာသားတစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီတို့၏ ပစ်သတ်ခြင်းကို ခံရသည့် အမျိုးသားသည် ကချင်လူမျိုးတစ်ဦးဖြစ်ပြီး မိသားစုကို တောင်ယာအလုပ် လုပ်ကိုင်ပြီး ရှာဖွေကျွေးမွေးနေသည့်သူဖြစ်ကြောင်းလည်း သိရသည်။

စစ်ကောင်စီတို့သည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမှ စတင်ကာ မန်းဟန်ကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းချီတက် ရောက်ရှိနေခြင်းဖြစ်ပြီး ကိုးကန့်တပ်မတော် (MNDAA)နှင့်လည်း နှစ်ဖက်ထိပ်တိုက် ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။

“မနေ့က ဒီမန်းဟန်နားမှာလည်း တိုက်ပွဲဖြစ်ပါတယ်၊ ဒီက စစ်သား (ဗမာစစ်သား)တွေကလည်း မုံးကိုးဘက်ကို ချီတက်ဖို့ လုပ်နေကြတာတဲ့၊ သူတို့ အင်အားတော်တော်များတယ်” ဟု အမည်မဖော်လိုသည့် ရွာခံတစ်ဦးက ပြောသည်။

အဆိုပါ မူဆယ်မြို့နယ်အတွင်းရှိ မန်းဟန်ကျေးရွာအုပ်စု၊ မန်းဟန်ကျေးရွာသည် ကချင်လူမျိုး အများဆုံး နေထိုင်သည့် ကျေးရွာဖြစ်ပြီး အိမ်ထောင်စုပေါင်း (၇၀)ခန့်ရှိပြီး လူဦးရေ (၅၀၀)ဝန်းကျင်နေထိုင်ကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...