Mask မတပ်သူများကို Mask တပ်ဆင်ထားခြင်းရှိသည့် စစ်ကောင်စီတပ်သားများ တုတ်ဖြင့်လိုက်ရိုက်

Mask မတပ်သူများကို Mask တပ်ဆင်ထားခြင်းရှိသည့် စစ်ကောင်စီတပ်သားများ တုတ်ဖြင့်လိုက်ရိုက်

တောင်ကြီးမြို့ အေးသာယာမြို့မဈေးရှေ့တွင် နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းအချိန်က Mask နှားခေါင်းစည်း မတပ်သူများကို Mask တပ်ဆင်ထားခြင်းရှိသည့် စစ်ကောင်စီတပ်သားများက တုတ်ဖြင့်လိုက်ရိုက်ကြောင်း ဒေသခံများက ပြောသည်။

Mask မတပ်ဘဲ အပြင်ထွက်လာသည့် ပြည်သူများကို စစ်ကောင်စီတပ်သားများ မဖွယ်မရာများ ဆဲဆိုပြီး တုတ်ဖြင့် လိုက်ရိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျနော့်ရှေ့မှာတင် နှစ်ယောက်က အရိုက်ခံရတယ်၊ Mask မတပ်လို့တဲ့၊ သူတို့ကိုယ်တိုင်လည်း Mask မတပ်ပါဘူး၊ သူတို့ကို ရပ်မပေးရင်လည်း လိုက်ရိုက်တယ်၊ ရပ်ပေးတော့ ခြေသလုံးတို့ တင်ပါးတို့ကို တုတ်နဲ့ရိုက်တာ၊ တစ်ယောက်ကို ၁ ချက် ၂ ချက်ရိုက်ကြတယ်” ဟု မြင်တွေ့ခဲ့သည့် ပြည်သူတစ်ဦးက ပြောသည်။

MASK တပ်ဆင်မထားသည့် လမ်းသွားလမ်းလာပြည်သူများကို စစ်ကောင်စီတို့ မဖွယ်မရာဆဲဆိုကြိမ်းမောင်းသည့် အပြင် ၎င်းတို့ ကိုယ်တိုင်လည်း Mask မတပ်ထားကြောင်း သိရသည်။

“သူတို့ (တပ်သား)တွေလည်း Mask မတပ်ဘူး။ လူပုံအလယ်မှာ ဒီလိုလုပ်တာတော့ မကောင်းဘူးပေါ့၊ လူ့ဂုဏ် သိက္ခာကျဆင်းစေတဲ့ လုပ်ရပ်မျိုးလို့ မြင်မိတယ်။ တခြားနည်းနဲ့ အရေးယူတာလုပ်လို့ရပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ကိုဗစ် – ၁၉ ကို အကြောင်းပြပြီး ရောဂါကို ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း လူ့ကျင့်ဝတ်တွေကို လေးစားလိုက်နာသင့်ကြောင်းလည်း ၎င်းကပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကိုဗစ် – ၁၉ ကို အကြောင်းပြပြီး ဥပဒေအမျိုးမျိုး ထုတ်ပြန်ကာ ပြည်သူလူထုတို့၏ သွားလာရေးများကို ထိန်းချုပ်တင်းကြပ်ထားကြောင်း တွေ့ရှိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...