စစ်ကောင်စီသေနတ်ပစ်ခတ်ဖမ်းဆီးခဲ့သည့် အောင်ပန်းမြို့ခံတစ်ဦး မိသားစုဝင်များအဆက်သွယ်မရ

စစ်ကောင်စီသေနတ်ပစ်ခတ်ဖမ်းဆီးခဲ့သည့် အောင်ပန်းမြို့ခံတစ်ဦး မိသားစုဝင်များအဆက်သွယ်မရ

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက် ည ၁၀ နာရီခွဲဝန်းကျင်တွင် ဆိုင်ကယ်စီးနင်းမောင်းသွားသည့် မြို့ခံတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးလိုက်ပြီး မိသားစုဝင်များ အဆက်အသွယ်မရဖြစ်နေကြောင်း သိရသည်။

အောင်ပန်းမှ ပင်းတယသို့အထွက် လှည်းရိုးရပ်ကွက်ရှိ စာသင်ကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ ကင်းပုန်းချထားစဥ် ဦးကျော်စိုးဝင်း (အသက် ၅၀ ကျော်) ဆိုင်ကယ်ဟွန်းတီးကာ အရှိန်ဖြင့် မောင်းနှင်သွားသည်ကို သေနတ်ပစ်ခတ်ခံရခြင်းဖြစ်ပြီး ယနေ့ချိန်ထိ ၎င်း၏အခြေအနေကို မိသားစုဝင်များ မသိရှိရသေးကြောင်း အောင်ပန်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

“အဲ့ဒီနေ့မှာ သူ(ဦးကျော်စိုးဝင်း)ကလည်း အရက်သောက်ထားတယ်၊ မူးနေတဲ့ချိန်ပေါ့၊ ကျောင်းက စစ်သားတွေက လည်း အရက်သောက်ပြီး မူးနေတဲ့ချိန်၊ သူက ဆိုင်ကယ်ကိုဟွန်းတီးပြီး အရှိန်နဲ့ အဲ့စာသင်ကျောင်းဘက် မောင်း သွားတာ၊ သူက အဲ့လိုနှစ်ကြိမ်လုပ်တာ၊ ဒုတိယအကြိမ်မှာ အော်ဆဲသံ နောက်တော့ သေနတ်သံ နှစ်ချက်ကြား လိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးကျော်စိုးဝင်းကို စာသင်ကျောင်းထဲသို့ ဆွဲခေါ်သွားသည့် အရာနှင့် သွေးစတစ်ချို့ကိုလည်း ဒေသခံများက တွေ့ရကြောင်း သိရသည်။

“အပေါက်ဝကနေ စာသင်ကျောင်းထဲကို တရွတ်တိုက်ဆွဲသွားပုံပဲ၊ သွေးစတွေတောင်တွေ့တယ်၊ ဒါပေမဲ့ သေသလား ရှင်သလားလည်း မသိရဘူး၊ ရပ်ကွက်လူကြီးကလည်း ဘာမှ မသိရဘူးပြောတယ်၊ မိသားစုဝင်တွေကတော့ အရမ်းကို သိချင်နေတယ်၊ ဘယ်လိုပြောပြော သေရင်တော့ ရက်လည်ဆွမ်းသွတ်ပေးရမှာပဲလေ” ဟု နီးစပ်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေနတ်ပစ်ခံရသည့် ဦးကျော်စိုးဝင်းသည် လှည်းရိုးရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်းတွင် ဇနီးနှင့် သားသမီး (၄)ဦး ရှိကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်တွင် အောင်ပန်းမြို့ရှိ အမှတ် ၃ ရပ်ကွက်၊ ငုဝါလမ်းရှိ နေအိမ်တစ်အိမ်သို့ စစ်ကောင်စီတပ်ဖွဲ့အင်အား ၃၀ ခန့် ဝင်ရောက်စီးနင်းကာ မိသားစုဝင် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...